30 August, 2012

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ၁၈ရက်နေ့အမေရိကားသွားမည် ..


ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ၁၈ရက်နေ့အမေရိကားသွားမည်။

အမေရိကန်ကွန်ကရက်မှပေးအပ်မည့် အမြင့်ဆုံးဆုတခုဖြစ်တဲ့ Congressional Gold Medal ဆုလက်ခံဖို့အတွက် စက်တင် ၁၈ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဖြစ်သည်
။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအပါအဝင် အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်တာဝန်ရှိသူများအပြင် အမေရိကန်အတိုက်အခံပါတီခေါင်းဆောင်များဖြင့်တွေ့ဆုံမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ခရီးစဉ်အတွင်း ဖို့ဝိန်း၊အယ်အေ၊ဆန်ဖရန်စ္စကို မြို့များသို့လည်းသွားရောက်ပြီး အမေရိကားအခြေချ မြန်မာလူမျိုးများနှင့်လည်းတွေ့ဆုံဖို့စီစဉ်ထားမှုရှိသော်လည်း ခရီးစဉ်နီးကပ်သောအချိန်တွင်မှ တိကျစွာပြောနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment