29 August, 2012

ကိုနဝင်းယတြယာ ( ၉ )ဂဏန်း



ကိုနဝင်းယတြယာ ( ၉ )ဂဏန်း ချေတတ်သော မြန်မာ့အစိုးရအဆက်အဆက်ကျင့်သုံးမှု မပြောင်းလဲသေးပါကြောင်း။

အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအလဲများနှင့် ကိုးဂဏန်း
ရန်ကုန်၊သြဂုတ်-၂၇
ပြည်ထောင်စုဝန်ကြီးကိုးဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယ
ဝန်ကြီး ၁၅ ဦးကို ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခြင်းနှင့်ဒုတိယ၀န်ကြီးများခန့်အပ်တာဝန်ပေးအပ်ခြင်းကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်က ထုတ်ပြန်ကြေညာရာတွင် နေ့ရက်နှင့် အချိန်တို့မှာ တိုက်ဆိုင်စွာ ကိုးဂဏန်းသုံးခု (သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ၊ ၄၅ မိနစ်) ဖြစ်နေသည်ကို တွေ့ရသည်။
( 7Day News Journal )

No comments:

Post a Comment