29 August, 2012

ပြည်တွင်းပြန်လည်ဝင်ရောက်ခဲ့သောရှေ့နေတဦး ယနေ့ထောင်ဒါဏ်ချ ..


သမ္မတကြီးဖိတ်ခေါ်ချက်ကြောင့် ပြည်တွင်းပြန်လည်ဝင်ရောက်ခဲ့သောရှေ့နေတဦး ယနေ့ထောင်ဒါဏ်ချမှတ်ခံရ။
၂၀၀၈ခုနှစ်အတွင်းက နိုင်ငံရေးမှုဖြင့်ဖမ်းဆီးရသူတွေရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေစောကျော်ကျော်မင်းသည် ရှေ့နေကိုညီညီထွေးနှင့်အတူ NLD ပါတီအဖွဲ့ဝင် ကိုသန့်ဇင်ဦးနှင့် (၁၁)ဦး၏အမှုအား ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တရားရုံးမှာ အမှုလိုက်ပါဆောင်ရွက်စဉ်အတွင်း တရားခံစွပ်စွဲခံရသူများမှ တရားရုံးအား ကျောပေးထိုင်ခဲ့ခြင်းကို တရားသူကြီးမှ ရှေ့နေဖြစ်သူ၂ဦးအား တရားခံများ ရှေ့ဘက်သို့လှည့်ထိုင်ရန် ပြောကြားခဲ့သည်။ ထိုသို့တရားသူကြီးပြောကြားချက်သည် "တရားခံတွေ၊ စွပ်စွဲခံရသူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်
တယ်။ အဲဒီအတွက် စွပ်စွဲခံရသူတွေကိုယ်တိုင် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး
ကျနော်တို့အနေနဲ့ ဘာမှ ၀င်ရောက်စွက်ဖက် ပြောဆိုလိုခြင်း မရှိဘူး" ဟု စောကျော်ကျော်မင်းနှင့် ညီညီထွေးတို့မှ ပြန်လည်ပြောကြားခဲ့သည့်အတွက် လှိုင်သာယာမြို့နယ်တရားသူကြီးက ရှေ့နေ ၂ဦးအား တရားရုံးမထေ့မဲ့မြင်ပြုမှုဖြင့်တရားစွဲခဲ့ခြင်းဖြစ်သည်။
တရားရုံးမှ ထိုအမှုအတွက် တရားရုံးမှ ထောင်ဒါဏ် ၆ လချမှတ်ခဲ့သော်လည်း ရှေ့နေစောကျော်ကျော်မင်းသည် ပြစ်ဒါဏ်ကိုရှောင်တိမ်းပြီး ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် သမ္မတဖိတ်ခေါ်ချက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ထိုအမှုဖြင့်တရားစွဲဆိုကာယနေ့ သြဂုတ်လ ၂၉ရက်နေ့တွင် တရားရုံးမှ ထောင်ဒါဏ် ၆လ ပြစ်ဒါဏ်ချမှတ်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်းသတင်းရရှိသည်။

1 comment:

  1. အာ အဲ့လိုကြီး လုပ်လိုက်တာတော့ ဘယ်ကောင်းမလဲ.. ဘယ်လို အမူ့နဲ့ပဲ ဖြစ်ဖြစ် ပြည်ပ တိမ်းေ၇ှာင်သွားသူတွေကို ပြည်တော် ပြန်ဖို့ ခေါ်ပီး ဒီလိုလုပ်တယ် ဆိုတော့ ... အဲ့လို ဆိုလဲ တခါတည်း နိုင်ငံရေး အမူ့က လွှဲရင် ကျန်အမူ့ကျူးလွန်သူတွေ ပြန်တော် ပြန် လာရင် ဥပဒေအရ ဆောင်ရွက် မယ်လို့ ကြေငြာသင့်တာပေါ့..ခုဟာက... နားလှည့်ပီး ပါး၇ိုက်ခံထိ သလို ဖြစ်နေတယ်

    ReplyDelete