19 April, 2013

အသစ်ထွက်မည့် ၁၅၀၀ တန်ဖုန်းများတွင် ငွေဖြည့်ကဒ် အသစ်များဖြင့်သာ အသုံးပြုနိုင်မည်...


ဧပြီလ ၂၇ ရက်နေ့တွင် ရောင်းချပေးမည့် တန်ဖိုးနည်း ၁၅၀၀ တန်ဖုန်းများတွင် ငွေဖြည့်ကဒ် သီးသန့်ရှိပြီး အ ဆို ပါ ငွေဖြည့်ကဒ်များကို ကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနှင့် ဦးပိုင်မှသာ ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။ ယခင် အသုံးပြုသည့် ၂ သိန်း တန်ဖုန်းများအတွက် ငွေဖြည့်ကဒ်များကို အသုံးပြု၍ မရနိုင်ဘဲ အသစ်ထပ်မံရောင်းချသည့် ငွေဖြည့် ကဒ်များသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Eleven ရုပ်သံတွင် ဖော်ပြထားပါသည်။


မည်သူတွေ ကပဲ ထုတ်ထုတ်၊ မည်သူတွေ ကပဲ ရောင်းရောင်း၊ ဈေးနှုန်းသက်သာသည့် ဖုန်း များ အသုံးပြုနိုင် ခြင်းသည် ကောင်းသော ရလာဒ်သာ ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများက စီးပွားရေး လုပ်ငန်း ပီသစွာ လုပ်ကိုင်မည် ဖြစ်သည်။
ဤ သတင်းနှင့် ပတ်သက်ပြီး အသံထွက်လာသည်ကတော့ ဦးပိုင်ကလုပ်တဲ့ ကိစ္စမို့ ၁၅၀၀ တန်ဖုန်းကို ကန့် ကွက်ကြ ဆိုသည့် ဦးနှောက်မဲ့သူများ၏ ပြောဆိုချက်များ၊ လှုံ့ဆော်ချက်များကို ဖုန်းမထွက်ခင်တွင် စ တင်တွေ့ ရှိနေရသည်။ ပြည်သူများ လက်တွေ့ အကျိုးခံစားနေရခြင်း အပေါ် အလေးမထားဘဲ တပ် မတော်နှင့် ဦးပိုင်၊ အစိုးရ အဖွဲ့နှင့် မြန်မာ့လုပ်ငန်းရှင် သူဌေးကြီးများ၏ လုပ်ဆောင်ချက် မှန်သမျှကို ကန့် ကွက် ဆူပူစေကာ အနောက်မျှော် ဆူပူသူများအား သတိထားစေလိုသည်။
ELEVEN

No comments:

Post a Comment