21 March, 2013

မိထ္တီလာမြို့မှ ကုလား-ဗမာ အဓိကရုဏ်း သတင်းစုစည်းခြင်း ...


၁၇၁၅ အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စ တန် ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇၂၀ အချိန်တွင် လူအင်အား(၁၀၀)ခန့် ဖြစ်လာခဲ့ သည်။ ၎င်းနောက် ဗလီအတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန် တွင် ဗလီထိပ် ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅) စီးခန့် အား ဖျက်ဆီး ခဲ့သည်။ ၁၇၃၅ အချိန် တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွား ခဲ့သည်။ 
===============


မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား ရဲတပ် ဖွဲ့ မှ လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၂၀
၂၀-၃-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ ““နယူး ၀ိန့်စိန်”” ရွှေဆိုင်သို့ မိတ်္ထီ လာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာ လုပ်ငန်းလုပ်ကိုင်သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ်(၁၄၀၀၀၀ိ/-)ခန့် တန် ဘိုးရှိ ရွှေဆံညှပ် တစ်ခုအား သွားရောက်ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏သမက် ထွန်းထွန်းဦး (ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ်(၁၀၅၀၀၀ိ/-)သာပေးမည် ဖြစ်ကြောင်းပြော ကြား၍ မှတ်ကျောက်တင်ရန် ဈေး အတွင်း သို့ယူဆောင်သွားခဲ့သည်။ ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်း ထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ် (၅၀၀၀၀ိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြား ရာမှ နှစ်ဖက် အ ချင်း  ကာ ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ် သား ညီညီ (ခ) မင်းအောင်တို့မှ ဦးခင်မောင်ဝင်း အား လက်သီးဖြင့်ထိုး/ သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင် ၀င်း တွင် ဦးခေါင်းဝဲ ဘက်ချိုစောင်းေ ပါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ်္ထီလာေ ဆးရုံသို့ တင်ပို့ ကုသ ခဲ့ ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ (ခ)မင်းအော င်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ်္ထီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။

၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ)အာရှစ်၏ ဆိုင်ပတ် ၀န်း ကျင် ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ၀င်၍ ပစ္စည်း များ ရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲ တားဆီး ခဲ့ကြောင်း၊ ၁၄၃၀ အချိန်တွင် အဆောက်အဦဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီးခဲ့ကြောင်း၊ ၁၅၁၀ အချိန်တွင် ၎င်းင်းလူအုပ်စုမှ အဆို ပါ တိုက်(၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ်္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များဖြင့် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ 

၁၇၁၅ အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စ တန် ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇၂၀ အချိန်တွင် လူအင်အား(၁၀၀)ခန့် ဖြစ်လာခဲ့ သည်။ ၎င်းနောက် ဗလီအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။ ၁၇၃၅ အ ချိန် တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွား ခဲ့ သည်။ 

၁၇၄၅ အချိန်တွင် အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမ အတိုင်း ကားကြီးဝန်း ထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့် တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည် သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦး တို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေြး ပည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရရှိသတင်းဆက်များအား ဆက်တင်ပြပေးသွားပါမည်။
============
Eleven သတင်း။ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် လူတစ်စုမှ ကားအရောင်းပြခန်း အချို့အား မီးရှို့ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရုန်းရင်းဆန်ခတ် အခြေအနေအား ထိန်းသိမ်းနို င်ရေး အတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း လိုက်လံကြေညာ လျက်ရှိ သည် ဟု Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။
=====================
ဧရာဝတီသတင်း။  မိထ္တီလာ လူမျိုးရေးနှင့် ဘာသာရေး အဓိက ရုဏ်းကို နိုင်နင်းစွာ ထိန်းချုပ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် တယ်လီဖုန်း ဆက်သွယ် ရရှိသော မိထ္တီလာမြို့ အမှတ် ၃ ရဲစခန်း၏ အ တည်ြ ပုချက် အရ မြို့တွင်းတွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားလျှက် ရှိပြီး ဗလီ ၂ လုံးနှင့် မြို့နယ် ပညာေ ရး မှူး ရုံး မီးရှို့ခံရပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး ဓားဒဏ်ရာဖြင့် ပျံလွန်ကြောင်း သတင်း အတည်ပြုချက် ရ ရှိ သည်။

အမှတ် ၃ ရဲစခန်းက "လုံခြုံရေး ရဲတပ်ဖွဲဝင် အားလုံး အပြည့် အဝ တာဝန်ယူနေ"ရကြောင်းနှင့် "တည်ငြိမ်မှု မရေ သး "ကြောင်း ပြောဆိုသည်။ ပျံလွန်သွားသော ဘုန်းတော်ကြီးမှာလည်း မည်သူမည်ဝါ မည်သည့် အရပ်ေ ဒ သမှ ဟု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုသည်။
========================================
Facebook သတင်း။ 
မိတ္ထီလာတွင် ဖြစ်ပွားနေသော ကုလားဗမာ အဓိကရုဏ်းနှင့် ပက်သက်၍၀မ်းတွင်းမြို့၊ သဲတောဘက် တွင် လည်း အုံကြွှမှုများ ဖြစ်နေ
မိတ္ထီလာ ကုလားဗမာ အဓိကရုဏ်းနှင့် ပက်သက်၍ မိတ္ထီလာဘက်မှ မွတ်ဆလင် ကုလားများကို သဲတော ဘက် သို့ ခေတ္တရွှေ့ ထားမည် မြို့ဟု သဲတောမြို့ခံလူထုကြား သတင်းများ ပေါ်ထွက်နေေ သာကြောင့် သဲေ တာ မြို့ခံ လူထုများအကြား အုံကြွမှုများ ဖြစ်ပေါ်လျက်ရှိရာ သဲတောမြို့ မီးသတ် ပတ်ဝန်းကျင် နေရာတစ်ေ လျှာက် ရဲအင်အား အများအပြားေ နရာ ချထားပါတယ်၊ ၄င်းမီးသတ်ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိုလည်း ပိတ်ထားလိုက်တယ်လို့ သဲတောမြို့ခံ လူငယ်တစ်ဦးက ပြောပြပါသည်။
မိတ္ထီလာဘက်မှ မွတ်ဆလင်ကုလားများကို သဲတောဘက်သို့ ပာင်းရွှေ့တာကို လုံးဝမခံနိုင်ဘူးလို့လဲ ၄င်း လူငယ် တစ်ဦးက ပြောပြပါသည်။ နေ့ခင်းအချိန်မှာတော့ လူစု အင်အား ၁၅၀/ ၂၀၀ခန့်လောက် စုဝေးေ နကြပြီး တချို့လည်း မိတ္ထီလာဘက်သို့ လိုက်သွားကြတယ်လို့ သိရပါတယ်၊ ညနေစောင်း အချိန်မှာတော့ လုံးခြုံေ ရး ရဲတွေက မြို့ပြင်လမ်းမပေါ် ထွက်ရာ၌ စစ်ဆေးမှုများ ရှိနေသောကြောင့် သိပ်မ ထွက်ရဲကြေ တာ့ဘူးလို့ သိရပါတယ်။ 
==========================================

ည ၁၂ နာရီမှ နံနက် ၇ နာရီ အထိ ဖြစ်ခဲ့သော မိထ္ထီလာ အခြေအနေ 

ည(၁၂း၀၀)နာရီတွင် တစ်မြို့လုံး ပုံမှန်အနေအထား ပြန်ရောက်နေပြီး ကိုမင်းကိုနိုင် တို့အဖွဲ့လည်း ရန် ကုန်မှ (၁၁း၀၀)နာရီခန့်တွင် ထွက်လာပြီဖြစ်ကြောင်း ရွှေညဝါ ဆရာတော်လည်း မနက်ဖြန်မနက် (၄း၀၀) နာရီ တွင် စစ်ကိုင်းမှ ထွက်လာမည် ဖြစ်ကြောင်း သိရပါသည်။

ဦးဝီရသူသည် လူအုပ်ကြီး ရွှေဆိုင်တိုက်များကို ဖျက်နေချိန်မှ စ၍ ဖုန်းဖြင့် အချိန်ပြည့် မေတ္တာရပ် ခံ ခဲ့ကြောင်း၊ သံဃာများကလည်း ဗလီဘက်ကူးမသွားအောင် စောင့်ရှောက်နေခဲ့ကြောင်း၊ လူအင်အားက များပြား လာခြင်း၊ ဘုန်းကြီးတစ်ပါး အသတ်ခံရသည့်သတင်း ကြားသည့်အချိန်မှ စ၍ ဦးဝီရသူ မန္တလေးမှ အမြန် ထွက်လာခဲ့ကြောင်း၊ ည(၈း၀၀)ခန့်တွင် ရောက်သော်လည်း အခင်းဖြစ်နေရာများကို သွားခွင့် မသာ ခဲ့ကြောင်း၊ တွေ့ရာလူများကို ကိုယ့်ရပ်ကွက်ထဲမှာပဲ နေပြီး ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ စောင့်ရှောက်ဖို့၊ သူများ ရပ် ကွက်ထဲ ကျွံမသွားဖို့ လမ်းထွက်ပြီး လျှောက်မသွားဖို့၊ သြဝါဒပေးလျက်ရှိကြောင်း သိရသည်။
စစ်/ရဲ လုံခြုံရေးများ အမြဲတမ်း ကင်းလှည့်နေပြီး၊ မိတ္ထီလာသည် အဓိကရုဏ်းမီးများ ငြိမ်းစပြုနေပြီး ဖြစ်သော် လည်း တစ်ဖက်နှင့် တစ်ဖက် ကောလာဟလများကြောင့် တစ်မြို့လုံးမအိပ်ကြဘဲ ရရာ လက်နက်ဆွဲ ကိုင်ကာ လမ်းထွက်စောင့်ကြည့် ရှိကြောင်း သိရပါသည်။
ယင်းတော်မှ ကုလား(၅၀၀)ကျော်ကားများဖြင့် ချီတက်လာ စည်းကုန်ကြီးမှ ရွာခံကုလားများနှင့် မြို့ထဲမှ ထွက်ပြေး လာသော ကုလားများ (တစ်ထောင်ကျော်) ခြေလျင်ချီတက်လာ သတင်းများကြောင့် မနက်(၁း ၀၀) ခန့်မှာ တစ်ကြိမ်၊ (၂း၀၀)တစ်ကြိမ် တစ်မြို့လုံး သံချောင်းခေါက်ပြီး လူစုကြ အသင့်ပြင်ကြသော်လည်း လေးနာရီ ထိဘာမှ မထူး၍ လူခြုံရေးများ ရုတ်သိမ်းသွားကြသည်။ လုံခြုံရေးများ ရုတ်သိမ်းသွားသည်နှင့် မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ ကုလားများက ဗေဒါကန်ဘေး ဝက်လံပင်တောထဲမှ “ဗမာဆိုရင် သတ်ပစ်” သံပြိုင်ေ ကြွးကြော်ကြသည်။ ဂွဖြင့်ပစ်ကြသည်။ ဦးဇင်းတစ်ပါး ခေါင်းပေါက်သွားသည်။ သံဃာများ မကျေ နပ် ၍ ဗေဒါကန်ရပ်ကွက်ထဲ ချီတက်သွားကြသည်။ GTC-ကျောင်းသားများကို ကုလားများ တိုက်ခိုက်နိုင်၍ လုံခြုံရေး အမြန်ခေါ်ကြသည်။ သံဃာများနှင့် လူများတားဖို့ ပြင်ဆင်ကြသည်။
(၆း၀၀)အချိန်တွင် မင်္ဂလာဇေယျုံရပ်ကွက်ကို ဗမာများက စတင်မီးရှို့ ခဲ့ကြသည်။ မင်္ဂလာဇေယျုံ ရက်ကွက် သည် ကုလားရပ်ကွက်ဖြစ်ကြောင်း၊ အိမ်ခြေစိပ်ခြင်း၊ တဲအိမ်ငယ်များပြားခြင်းတို့ကြောင့် မီးများ ထိန်း မနိုင်ဖြစ် ခဲ့သည်။ ကုလားများ အော်ဟစ်ကြိမ်းမောင်းခြင်း ရပ်သွားကြသည်။ (၆း၁၅)နာရီတွင် မီးညွှန့်များ ကျိုး သွား သည်။ 
မီးလောင်ချိန် (၁၅)မိနစ်ခန့် ကြခဲ့သည်။ (၆း၃၀)ခန့်တွင် ၄င်းရပ်ကွက်ထဲမှ မီးခိုးလုံးကြီးများတက်လာသည်။မီးသတ်ကားတစ်ဆင်းသာရောက်သေး သည်။ အော်ဟစ်ကြိမ်း မောင်းခဲ့သော ကုလား(၁၀၀-မှ ၁၅၀/၂၀၀ခ)ခန့် ပိတ်မိနေသည်။ (၆း၃၀)မိနစ်ခန့်တွင် မီးသတ်ကား တစ်စီးထပ်ရောက်လာပြီး ကု လားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရသည်။ ကုလားတစ်ယောက် ထွက်ပြေး လာပြီး လူအုပ်ကြီးထဲမှာ လူအချို့ ဝိုင်းရိုက်သည်။ ကုလားတစ်ယောက် လဲကျသွားသည်။ လဲပြီးေ နာက် ပိုင်း ထပ်မရိုက်ကြတော့ ကြောင်း သိရသည်။ ခေါင်းထောင်ပြီး ကြည့်နေနိုင်သေးသည်။ ထွက်ပြေး လာ စဉ် လက်နက်ဘာမျှ မပါဟု ဆိုသည်။
(၆း၃၀)မိနစ်ကျော်ကျော်တွင် ရွှေညဝါဆရာတော်ရောက်လာသည်။ (၇း၀၀)တွင် မင်းကိုနိုင် အဖွဲ့ေ ရာက်လာသည်။ အားလုံးDrစန်းလှိုင်တိုက်မှာ နားကြသည်။
(၇း၀၀)နာရီတွင်မီးညွှန့်ကျိုးသွားသည်။ပိတ်မိနေသောကုလားများမှာမောလဝီစာသင်ကျောင်းမှ အများ စုဖြစ် ပြီး လူငယ်လူရွယ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူးက ဝှက်ပေးထားပါလျက် “ဗမာဆို အလိုမရှိ၊ ဗမာမြင်ရင် သတ်ပစ်၊”အော်ဟစ် ကြိမ်းမောင်းရာမှ ပြည်သူများသိသွားခြင်းဖြစ်သည်။
ရွှေညဝါဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကိုနိုင်တို့အဖွဲ့သည် မြို့လူထုနှင့် တွေ့ဆုံဖို့ ကြိုးစားနေကြပြီး၊ မြို့ထဲသို့ ကုလားများ မဝင်အောင် လုံခြုံရေး တာဝန်ယူပေးဖို့ စီစဉ်ပေးရန် မေတ္တာရပ်ခံနေသည်။
Wira Thu
ဆရာတော် အရှင် ဝီရသူ
============================================

ဧရာဝတီ သတင်းဌာနက ဖော်ပြသည့် သတင်းဖြစ်ပါသည်။
မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမို တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက် တွန်းကြောင်း သတင်းရရှိသည်။
"အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လို တယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်း ထားတယ်" ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြော ဆိုသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုး စားနေ ရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ယနေ့ မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စ လမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦး အထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်း များအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြော ကြား သည်။
ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူ အများ အပြား ရိုက်နှက်ခံရသည်ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက် မနည်းေ သ ဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြော သည်။
=============================================

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရန်ကုန်၊ မတ်-၂၁
မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။ ထိုပဋိပက္ခကြောင့် သံဃာတစ်ပါး မီးလောင်ဒဏ်ရာနှင့် ပျံလွန်တော်မူ၍ အမျိုးသားသုံးဦးသေဆုံးကာ ဆေးရုံတွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်းရရှိထားကြောင်း ၎င်းက အတည်ပြုပြောသည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ဦးရဲထွဋ်က "ဒီနေ့လည်း အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်းလုပ်ဆောင်နေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြအတည်ပြုပြီးရင် သတင်းလည်းထုတ်ပြန်ပါမယ်" ဟု ပြောကြားသည်။
လုံခြုံရေးအင်အားအရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားရာ နေရာရှိ ဒေသခံများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် မိတ္ထီလာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း ကောလာဟလများကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျလုံခြုံရေးများကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဦးရဲထွဋ်က ပြောကြားထားသည်။
"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီးသားကိစ္စကို ကောလာဟလတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေယျရပ်ကွက်ရှိ နေအိမ်များ မီးလောင်လျက်ရှိပြီးမြို့ခံအချို့မှာအခြားဒေသများသို့ရွှေ့ပြောင်းနေကြသူများရှိကြောင်း မိတ္ထီလာမြို့ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment