25 February, 2013

ဘုရားကို ရွှေသင်္ကန်း ကပ် မိ၍ ဘုရားပေါ်တွင် ဓါးဖြင့်ထိုးခံရ ..


၁၄.၂.၂၀၁၃ နေက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များနှင့် သွားလာရင်း အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားသို့ ရောက်ခဲ့ပါသည်။ ကျွန်တော်တို့ ရောက်သွားချိန်တွင် ဘုရားရင်ပြင်တော်ရှေ.တွင်လူတို့ ရုံးစုရုံးစုနှင်. ဖြစ်နေကြပါသည် ။ ဘာဖြစ်သလဲဟု အကျိုးအကြောင်း မေးကြည်.ရာ ဖြစ်တောင်.ဖြစ်ခဲ ဖောင်တော်ဦးဘုရားပေါ်၌ ဓါးထိုးမှု ဖြစ်ပွားသည်ဟု သိရ၍ အလွန်အံ.သြသွားပါသည် ။ 

 
 အေးချမ်းလှသော အင်းလေးဒေသတွင် မဖြစ်စဖူး ထူးကဲလှပါဘိသည် ဟုအောက်မေ.ကာ ဖြစ်စဉ်ကို မေးတော. ပို၍ အံ.သြ ရပါသည်။ ဓါးနှင်. အထိုးခံရသူမှာ ဘုရားဖူးတစ်ဦး ဖြစ်ပြီး ဓါးဖြင်.ထိုးသူမှာ ဖောင်တော်ဦး ဘုရားမှ ရွှေဆိုင်း ကန်ထရိုက် ယူရောင်းသူ ဖြစ်သည်ဟု သိရ၍ ဖြစ်သည်။ ဘုရားဖူးက သူတို. ရောင်းသော ရွှေဆိုင်းကို မ၀ယ်ပဲသူ.မှာပါလာသော ရွှေဆိုင်းဖြင်.ဘုရားကို ပူဇော်၍ ဓါးဖြင်.ထိုးခြင်း ဖြစ်ပါသတဲ.။ မြတ်စွာဘုရား။ လောကကြီး၌…..ဘာတွေ ဖြစ်ကုန်ပြီနည်းဟု ရင်ဘတ်ကို ဖိမိပါသည် ။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် ပစ္စည်းများ ၊ လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်းများ ခေတ်စားလာသည်. နည်းတူ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရားများသည်လည်း ဘုရားဆိုင်ခန်းများ ၊ ဓါတ်ပုံလုပ်ငန်းများ ၊ ရွှေဆိုင်း ရောင်းချခြင်း လုပ်ငန်းများ ၊ ကားရပ်နားခြင်းလုပ်ငန်းများ ၊ အုန်းပွဲ ငှက်ပြောပွဲေ ရာင်းချခြင်း လုပ်ငန်းများ ၊ စသော ၀င်ငွေရရာရကြောင်း လုပ်ငန်းမှန်သမျှကို ကန်ထရိုက်ပေးခြင်း ၊ လေလံပစ်ခြင်းများကို တွင်ကျယ်စွာ လုပ်ဆောင်လာကြပါသည် ။ ထိုအထဲတွင် အင်းလေး ဖောင်တော်ဦးဘုရားလဲ ပါဝင်ပါသည် ။ အခြား လုပ်ငန်းများကို မည်သို.ကန်ထရိုက် ချထားပေးလဲ မသိသော်လည်း ဖောင်တော်ဦး စေတီတွင် ရွှေဆိုင်းရောင်းချခွင်. ရထားသူ ကန်ထရိုက်ကတော. တော်တော် စီးပွားရေးဆန်သည်ဟုပဲ ပြောမလား ၊ သဘောထား တင်းမာသည်ပဲေ ပြာမလား။ စီးပွားရေး လာဘ်မြင်သည်ဟုပဲ ပြောမလား။ ဖောင်တော်ဦး ဘုရားရှိ ဗုဒ္စရုပ်ပွားတော် ငါးဆူကို ရွှေသင်္ကန်း ဆက်ကပ်ပူဇော်လိုလျင် မည်မျှအရည်အသွေး ကောင်းသော ရွှေဆိုင်းများကို ဘုရားဖူးမှ ယူဆောင်လာသည်ဖြစ်စေ ၊ မိမိတို. ရောင်းချသော ရွှေဆိုင်းမှ တစ်ပါး မည်သူ.ကိုမှ ကပ်လှူ ပူဇော်ခွင်.မပြုပါ ။ ထိုင်းနိုင်ငံမှ တိုးရစ်များသည် သူတို.နှင်.အတူပါလာသော ရွှေဆိုင်းများကို ပူဇော်ခွင်.မရ၍ ရွှေများကို အလှူခံမှန်ပုံးထဲတွင် ထည်.၍ ပြန်သွားရတာ ကျွန်တော် မကြာခနတွေ.ဖူးပါသည် ။
မြန်မာဘုရားဖူးများ ယူဆောင်လာသော ရွှေဆိုင်းများကိုလည်း မှန်ပုံးထဲတွင် ထည်.ကာ လှူခဲ.ရပါသည် ။ ထိုမှန်ပုံးထဲမှ ရွှေများကို ဘယ်နေရာမှာ သုံးသလဲတော. ကျွန်တော်တို.လဲ မတွေးတတ်ပါ ။ အင်းလေး ဖောင်တော်ဦး ဘုရားသို. ရောက်တိုင်း အောက်ပါ ကြေငြာချက်ကို အသံချဲ.စက်ဖြင်. ကြေငြာနေတာကိုလည်း အမြဲတမ်းလိုပင် ကြားရလေ.ရှိပါသည် ။
 “ဘုရားဖူးဧည်.သည်များခင်ဗျား …….
လှေဆိပ်နှင်. ဘုရားပရ၀ုဏ်အတွင်း အတင်းအဓမ္မ လိမ်လည် ရောင်းချနေသော ရွှေဆိုင်းများအား ဘုရား၌ ကပ်လှူပူဇော်ခွင်. ပြုမည် မဟုတ်ကြောင်း ကြိုတင်အသိပေး ကြေငြာအပ်ပါသည် “ဟူသတည်း ။သဘောကတော. ငါ.ထံမှ ရွှေကိုသာ ၀ယ်ကြကုန်လော. ဟူသည်. အဓိပါယ်ဖြစ်သည် ။ ထိုကြေငြာချက်ကို တိုးရစ်များက ဘာတွေ ပြောနေတာလဲဟု မေးသောအခါ ကိုယ်ပေါင်ကိုယ် လှန်ထောင်းရမှာ ရှက်စရာ ကောင်းလွန်းသဖြင်. ဘုရားဖူးတွေ လှေပေါ်ကို အတက်အဆင်း သတိထားကြပါလို. ကြေငြာနေတာပါ ဟုပြောရသည် ။
ထိုနေ.ကဖြစ်စဉ်မှာ ဘုရားဖူးတစ်ဦးက ကန်ထရိုက် ရောင်းသော ရွှေကိုမ၀ယ်ပဲ မိမိမှာပါသည်. ရွှေကို ဘုရားအားဇွတ်ကပ်ရန် ကြိုးစားရာမှာ ကန်ထရိုက်က ဓါးဖြင်.ထိုးခြင်း ကိုခံရခြင်း ဖြစ်သည် ။
ဤဆောင်းပါးကား ကန်ထရိုက်များ၏ စီးပွားရေး လက်ဝါးကြီးအုပ်ပုံ၊ ၀ိသမ လောဘဇော တိုက်နေပုံတို.ကို ဖော်ပြလိုရင်း မဟုတ်။ လူတစ်ယောက် ဓါးထိုးခံရပြီးနောက် မည်ကဲ.သို.အရေးယူ ဆောင်ရွက်ကြသည် ဟူသော နောက်ဆက်တွဲကိစ္စ ကို ပြောလိုခြင်းဖြစ်သည် ။ ပုံမှန်အားဖြင်. ကျွန်တော် နားလည်သည်မှာ လူတစ်ယောက် အရေးပေါ်ဒါဏ်ရာရ၍ သေကောင်ပေါင်းလဲ ဖြစ်သောအခါ အနီးဆုံးဆေးရုံသို. ပို.ဆောင် ကြရစမြဲ ဖြစ်သည် ။ တစ်ကမ္ဘာလုံးမှာလဲ ဤသို.ပင် ဆောင်ရွက်ကြသည် ။ သို.သော် ကျွန်တော်တို.နိုင်ငံကား ရှာမှရှားသော နိုင်ငံပေတကား ။ ဓါးထိုးခံရသော လူနာသည် အနီးဆုံး (အခင်းဖြစ်ရာ နေရာတစ်ဝိုက်၌ အကောင်းဆုံး ) ဆေးကုသမှု ပေးနိုင်သော ညောင်ရွှေပြည်သူ.ဆေးရုံကြီးသို. ချက်ခြင်းပို.ဆောင် ကုသမပေးကြပဲ ။ နမ်.ပန်ရွာ ရဲကင်းသို. စက်လှေဖြင်. သွားကြရသတဲ.။ လူမမာက ဓါးဒဏ်ရာ တန်းလမ်းနှင်. မလိုအပ်ပဲ စက်လှေ တဖုတ်ဖုတ်စီးကာ ဆေးရုံရှိရာ ညောင်ရွှေမြို.နှင်. ခရီးဆန်.ကျင်ဘက်ဖြစ်သောနမ်.ပန်သို. သွားရပါသတဲ.။ အဘယ်.ကြောင်.ဆိုသော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ၊
နည်းဥပဒေများအရ ရဲအရေးပိုင်သော အမှုအခင်း တစ်ခုကြောင်. ဒဏ်ရာအနာတရ ဖြစ်လျင် ရဲဆေးစာ မပါပဲ မည်သည်.ဆရာဝန်၊ ဆေးရုံကမှ ကုသပေးခွင်. (အသက်ကယ်ခွင်.) မရှိပါတဲ.ခင်ဗျာ ။ ဒါ.ကြောင်. နီးတာ ဝေးတာအပထား ၊ သေတာရှင်တာ အပထား ရဲမလာလျင် ငုတ်တုတ် ထိုင်စောင်.ကြရမည်. လုပ်ထုံး လုပ်နည်းများပေတကား ။
Ko Nyi , အင်တာနက်စာမျက်နှာသတင်း

No comments:

Post a Comment