25 February, 2013

လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး ...


၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာ ကြက်သမနှီးဖျာစခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လင်းဇင်းရဲစခန်းတပ်ဖွဲ့ဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ နှီးဖျာစခန်းမှ ငလှိုင်တွင်းရွာနေ ကျော်ဆွေ(၄၃)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ မစန်းမော်(၃၂)နှစ်တို့ လင်မယားအချင်းချင်းစကားများရာအရက်အလွန်အကျွံသောက်စားထား သည့် ခင်ပွန်းဖြစ်သူ ကျော်ဆွေမှ ဇနီးဖြစ်သူ မစန်းမော်အား အရှည်(၁၈)လက်မခန့်ရှိ ၀ါးခုတ်ဓါးမဖြင့်ခုတ်သဖြင့် မစန်းမော်တွင် ယာလက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ လည်ဂုတ်ပြတ်လုနီးပါးဓါးဒဏ်(၁)ချက်တို့ ရရှိသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ခဲ့သည်။ သေဆုံးသူ မစန်းမော်၏အစ်ကိုဖြစ်သူ ကိုကျော်အောင်မှ လင်းဇင်းရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် လင်းဇင်းရဲစခန်း(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment