25 February, 2013

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ အဖွဲ့ဝင်များ မင်းမဲ့စရိုက် ဆန် ဆန် လုပ်ဆောင်ခဲ့မှုအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ ...


၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အစိုး ရနှင့် အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန် ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန်ထမ်းဆောင်နေသော ပြည်သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင် သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 
ဖြစ်စဉ်မှာ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်ထိန်မောင်) အဖွဲ့မှ စောဝင်းမြင့် ဦးစီး ၂၀ ဦးခန့် သည် ခွင့်ပြုချက် မရဘဲ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ တရားမဝင် လက်နက် ခဲယမ်း များနှင့် လက် ပစ်ဗုံးများ သယ်ဆောင်လာပြီး ဝင်ရောက်လာကြောင်း၊ ဒေသခံပြည်သူများမှ တာဝန်ရှိသူ များအား သတင်းပို့ခဲ့ပြီး တာဝန်ရှိ သူများမှ ၎င်းတို့အားသွားရောက်တွေ့ဆုံပြီး လက်နက်များယူလာ၍ မရကြောင်း  ရှင်းလင်းပြောဆိုပြီး ပါလာသော လက်နက်ခဲယမ်းများကို အပ်နှံစေခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ အဆင်ြေ ပ စေရန်အတွက် ပုသိမ်မြို့မှတာဝန် ရှိသူများနှင့်ေ တွ့ဆုံပေးခဲ့ကြောင်း သိရှိရသည်။ 
၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ယာဉ်လေးစီးဖြင့် ပုသိမ်-ရန်ကုန်ကားလမ်း အတိုင်း ထွက်ခွာ ခဲ့ပြီး ကန်ကြီးထောင့်မြို့ လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် (၁) ဦးတို့အား အတင်းအဓမ္မ ကားပေါ်သို့ဆွဲတင်ကာဖမ်းဆီး ခေါ်ဆောင်သွားပြီး ၎င်းဝန်ထမ်း(၂)ဦးအား အသက်ရှင် လျက် ပြန်လိုချင်ပါက ၎င်းတို့ထံမှ သိမ်းဆည်းထားသော လက်နက်များအားပြန်ပေးရန် ဆက် သွယ်ပြောကြား ခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့အင်အား ၁၈ ဦးနှင့် ကား ၃ စီးအား အင်းတိုင်မြို့တွင် တာဝန်ရှိ သူများမှ တားဆီးနိုင်ခဲ့ပြီး ဖမ်းခေါ်သွားသောနို င်ငံ့ဝန်ထမ်း(၂)ဦးအား ပြန်လည် ကယ်တင်နိုင် ခဲ့ကြောင်း သိရှိရသည်။
“ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ အမည်ခံပြီး မြို့ပေါ်မှာလာပြီး သောင်း ကျန်းေ န တယ်။ တစ်ကယ့်မင်းမဲ့ စရိုက်ဆန်ဆန်ပါပဲ။ နိုင်ငံ့ဝန်ထမ်း(၂)ဦး ဓါးစာခံအဖြစ်ဖမ်းလာတယ်။ ပြီးေ တာ့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကားတွေတားတော့ သူတို့ကို မလွှတ်ပေးရင် ဘေးနားမှာရပ်ထားတဲ့ ဓါတ်ဆီ တင်ကားကို မီးရှို့မယ်လို့ လည်း ခြိမ်းခြောက်တယ်၊ ဒါပေမယ့် တာဝန်ရှိသူတွေ ရောက်လာပြီး အခြေ အနေကို ထိန်းသိမ်းလိုက်နိုင်ပါတယ်ဟု ” ၎င်းယာဉ်တန်းအား တားဆီးရာတွင် ပါဝင်ခဲ့သူ ယာဉ်ထိန်း ရဲ တစ် ဦးမှ ပြောကြားခဲ့သည်။ 
ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်အောက် ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်း သင့်ပါ တယ်။ အခုဟာက အထက်ကခေါင်းဆောင်ကမသိဘူး အောက်ကတပ်သားတွေက ကိုယ့် သဘော ကိုယ်ေ ဆာင်ပြီး လုပ်ချင်တာလုပ်နေကြတယ်ဟု ကရင်နယ်ခြားစောင့် တပ်မှ တပ်မှူးတစ်ဦးကလည်း ပြောကြား ခဲ့သည်။
၎င်း ကိစ္စနှင့်ပတ်သက်၍ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဆက် ဆံရေးတာဝန်ခံအား မေးမြန်းခဲ့ရာ ဥပဒေချိုးဖောက် ခဲ့သော စောဝင်းမြင့်နှင့် အဖွဲ့အားပြန်ရောက်လာပါက ဥပေ ဒနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူး အဆင့်ရှိ စောဝင်းမြင့်ဆိုသူသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ငွေကြေးအလွဲသုံးစားမှုဖြင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပွား ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောင်ချထုတ်ပယ်ခဲ့ကြောင်း၊ ထောင်မှ ထွက်ပြီးေ နာက် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(ဗိုလ် ထိန်မောင်) အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဆက်ဆံရေး တာဝန်ခံမြှေ ပာကြားခဲ့သည်။
KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်)အဖွဲ့သည် KNU အဖွဲ့ထံမှ(၂၀၀၇)ခုနှစ်တွင် ခွဲ ထွက် ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရ သစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။
၎င်းအဖွဲ့သည် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချ ကာ ထိုင်းနိုင်ငံမှမှောင်ခိုပစ္စည်း များအား အကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုးထုတ်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့တစ်ဖွြဲ့ ဖစ်ကြောင်း သိရသည်။
သတင်းအား မေးလ်ဖြင့် ပေးပို့လာသော ကိုသန်းနိုင်အား ကျေးဇူး တင်ရှိပါသည်။
Myanmar Online News

No comments:

Post a Comment