31 January, 2013

မြန်မာ့အကြွေး ဒေါ်လာသန်း သုံးထောင့် ငါးရာကျော်ကို ဂျပန်က လျော်ပစ်လိုက်ပြီ ..


မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှု၊ စီးပွါးရေးနဲ့ လူမှုရေးပြောင်းလဲတိုးတက်အောင် ဆောင်ရွက်မှုတွေကို အားပေး ကူညီတဲ့အနေနဲ့ မြန်မာအစိုးရထံက ရစရာရှိတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၅၈ဝ ကို ဂျပန်နိုင်ငံ လျော်ပစ်လိုက်ပါတယ်။
 ရန်ကုန်မြို့ရှိ ဂျပန်သံရုံးရဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ ကြေညာချက်မှာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက် ပံ့ပိုးဖို့ အရေးကြီးတယ်လို့ ဂျပန်အစိုးရက ယုံကြည်တဲ့အတွက် အကူအညီတွေကျယ်ကျယ်ပျံ့ပျံ့ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ မြန်မာပြည်အနေနဲ့ နိုင်ငံတကာကနေ အထောက်အပံ့တွေ ရရှိရေး အတွက်လည်း ဂျပန်နိုင်ငံက ဆက်လက် ဦးဆောင်ကြိုးပမ်းမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
- rfa.org/

No comments:

Post a Comment