30 December, 2012

ရန်ကုန်တွင် ဆန္ဒပြသူများအား ငရုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းနည်း အမေရိကန်မှ မြန်မာအစိုးရအား သင်ပေးမည်...


ရန်ကုန်တွင် ဆန္ဒပြသူများအား ငရုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းနည်း အမေရိကန်မှ မြန်မာအစိုးရအား သင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။  မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးပြကာ အားတိုင်း တွေ့နေရသည့် ဆန္ဒထုတ်ဖော်မှုများနှင့် အဓိကရုဏ်းများကို ကိုင်တွယ် တတ်စေရေးအတွက် အဓိကရုဏ်း နှိမ်နင်းရေး နည်းပညာများ ပို့ချပေးမည်ဟု အနောက်နိုင်ငံ သုံးခုက ကမ်းလှမ်းထားကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ အဆိုပါ အဓိကရုဏ်း နှိမ်နင်းမှုများနှင့် ပတ်သက်သည့် သင်တန်းပေးရန် ကမ်းလှမ်းထားသော အနောက်နိုင်ငံ သုံးခုမှာ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် နော်ဝေနိုင်ငံတို့ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
 ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပသော Myanmar Egress ၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် National Enlightenment Institute သင်တန်းကျောင်း ဖွင့်ပွဲသို့ တက်ရောက်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံသည် ဆန္ဒပြသူများကို ငြုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းရာတွင် နာမည်ကြီးပြီး။ ဗြိတိန်နိုင်ငံသည် ပြီးခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆန္ဒပြကျောင်းသားများအား မြင်းနှင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက် ရိုက်နှပ်ချင်းများ ပြုလုပ်ခဲ့သည်။
ခေတ်လူငယ်သတင်း

No comments:

Post a Comment