29 November, 2012

သပိတ်စခန်းကို လုံခြုံရေးရဲများဝင်ရောက်စီးနင်း ...


  တန်ဆောင်မုန်းည ဖြိုခွဲမှု တွင် 

ငါးဆယ် ကျော်ဒဏ်ရာရ ရှိ 

ပြီး ခြောက်ဆယ် ကျော် ဖမ်းဆီးထား

မုံရွာ လက်ပံတောင်းတောင်ဖောင်းကားကျေးရွာ၊ ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် အခြေချထားသော သပိတ်စခန်းများအနက် သပိတ်စခန်း ၂ ခုကို လုံထိန်းတပ်ဖွဲ့ဝင်များက မီးသတ်ရေပိုက်များ။ မျက်ရည်ယိုဗုံးများနဲ့ 
ဒီကနေ့ မနက်ပိုင်းက ၀င်ရောက်စီးနင်းခဲ့ပါတယ်
သပိတ်စခန်းများကိုလည်း ရဲများက မီးရှို့ဖျက်ဆီးပြီး သံဃာတော်တချို့ ဒဏ်ရာရရှိခဲ့သဖြင့် မုံရွာဆေးရုံသို တင်ထားရတယ်လို့  မျက်မြင်သက်သေများက ပြောပါတယ်။




















မန္တလေး တိုင်း မုံရွာ ခရိုင် ဆာလင်းကြီး မြို့ နယ်ထဲ က လက်ပံတန်းတောင် ဒေသ မှာ ရှိတဲ့ မြန်မာ ၀မ်ပေါင် နဲ့  စစ်တပ် က ပိုင်တဲ့ ဦးပိုင် ကုမ္ပဏီ က တည်ဆောက် နေ တဲ့ ကြေးနီ မိုင်း လုံးဝ ရပ်တန့် ရေး အတွက် ဒေသခံ တွေ ၊ မန္တလေး နဲ့  မုံ ရွာ က သံဃာတော် တွေပါဝင် တဲ့ သပိတ် စခန်း ခြောက် ခု ကို မီးသတ် ပိုက် တွေ ၊ မီးလောင် ဗုံး တွေ ၊ မျက် ရည်ယို ဗုံး တွေ သုံး ပြီး ဖြိုခွဲ ခဲ့ တယ် လို့  မုံရွာ မြို့  ကနေ သပိတ် စခန်း ကို သွား ရောက် ပူး
ပေါင်း ခဲ့ တဲ့ ကိုတင်နိုင်ဦး က FNG ကို  ပြော ပါတယ်။
ည နေ လောက် မှာ သူတို့ ဘက် ကလည်း ဆိုင်း ဘုတ်တွေ ထောင်တယ် ” တရားဥပဒေစိုး မိုးရေး သည် ရင်းနှီး မြုပ် နှံ မှု များ ၏ အသက် ဖြစ်သည် ” တို့  ဦးဝင်းတင် ပြောစကားတွေ ကို ပါ သူ တို့  က ဆိုင်း ဘုတ် ထောင် ကြတယ်။  ညနေ ဘက် မှာ စီမံ ကိန်း ရပ် ဆိုင်းမှ သာ သပိတ် စခန်း ကို ဖယ်ရှား ပေး မှာ ဖြစ် တဲ့ အကြောင်း ရွာ ၂၆ ရွာ က ပြည်သူ တွေ
နဲ့  သပိတ် စခန်း တွေ က အကြောင်း ပြန် ခဲ့ တယ်။ 
ညပိုင်း မှာ သူ တို့  တစ်ခါ ထပ် ကြေငြာ တယ် လူစု ခွဲ ပေး ဖို့ ၊ ဆားလင်းကြီး က ရဲ မှုးကကြေငြာ တယ် ၊ သူတို့  လုံ ထိန်း တွေ သပိတ် စခန်း  နား ထိ ညာသံ တွေ ပေး ပြီး ရောက်လာတယ်။ ည ၂ နာရီ ကျော် မှာ နောက်ဆုံး ထပ် ပြောပြီး တော့ မျက် ရည်ယို ဗုံး တွေ ၊မီးလောင်ဗုံး တွေ ပြစ် သွင်း ပြီး တော့ လူ စု ခွဲ တော့ တာ ပဲ ၊ သံဃာ တော် တွေ ကို လည်း နံ
ပါတ် တုတ် တွေ နဲ့  ရိုက် ပြီး တော့ ဖမ်းတယ် ၊ ၀က်မှေး ၊ ကြေးစင်ရွာ က ဆန္ဒပြ ခေါင်းဆောင် တွေ ကို လည်း ဖမ်းတယ် ၊ ရန်ကုန် ၊ မန္တလေး က ဆန္ဒ ပြ ခေါင်းဆောင် တွေ ကို နဲ့  သံဃာ တော် တွေ ကို ရိုက် နှက် ပြီး ဖမ်းဆီး ခဲ့တယ် လို့  ကိုတင်နိုင်ဦး က ပြောပြသွား ခဲ့ တာ ဖြစ်ပါတယ်။
သပိတ်စခန်း ကို မျက်ရည်ယို ဗုံး တွေ ၊ မီးသတ် ဗုံး တွေ နဲ့  ဖြိုခွဲ မှု ဖြစ်စဉ် အတွင်း မှာ မော်တော် ဆိုင် ကယ် တွေ နဲ့  သေခံ ရွာသား တွေ ရဲ့  လှည်း တွေ ၊ ကိုဖျက်ဆီး နွား တွေ ကို တော့ ဖမ်းဆီး ခေါ်ဆောင် သွား တယ် လို့  ၀က်မှေး ကျေးရွာ သူ တစ်ဦး က ပြောပါတယ်။
အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် ဖောင်ကား နဲ့  ပုလဲ ၊ ယမား ဘက် ကို သံဃာ တွေ ထွက်ပြေး ခဲ့ ရ ပြီး နောက် က လိုက် ဖမ်းတာ တွေ လဲ ရှိ တယ် ၊ တစ်ချို့  မီးလောင် ဗုံးဒဏ်ကြောင့် ဒဏ်ရာ အပြင်း အထန် ရ ပြီး လမ်း က လျှို တွေ မှာ တင် ၀င် နား နေ ရ တဲ့သံဃာ တော် တွေ လည်း ရှိတယ် လို့  ၀က်မှေး ကျေးရွာ သူ တစ်ဦး က FNG ကိုမိန့်  ပါတယ်။
မီးလောင်းဗုံး တွေ နဲ့  ဖြိုခွဲ စဉ် AP သတင်းဌာန ရဲ့  ကား တစ်စီး လည်း မီးစွဲ လောင် ပြီးပျက်စီး ဆုံး ရှုံး ခဲ့ ပါတယ်။
Photo : AFP

နောက်ဆုံးရ သတင် များ ကို ဆက်လက် ဖော်ပြ ပေး 

သွား ပါမည် ။ 



















No comments:

Post a Comment