06 October, 2012

"လတ်တလောထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သတ်၍စိုးရိမ်စရာမရှိဟု ဗဟိုဘဏ်ဒုညွှန်ချုပ်ပြော"



ရန်ကုန်၊ အောက်တိုဘာ ၆

KBZဘဏ်နှင့်ပတ်သက်၍လတ်တလောထွက်ပေါ်နေသည့် သတင်းများအပေါ်ပြည်သူလူထုအနေဖြင့် စိုးရိမ်စရာမလိုဟု
ဗဟိုဘဏ်ဒုညွှန်ချုပ် ဦးဝင်းသော်က မီဒီယာများကိုပြောကြားလိုက်သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ နောက်ကွယ်တွင် ဗဟိုဘဏ် က ကျောထောက်နောက်ခံ စီမံဆောင်ရွက်ထားမှုများ ရှိသည့်အတွက်ကြောင့် လတ်တလောထွက်ပေါ်နေသောသတင်းများမှာ သတင်းမှားများသာဖြစ်ကြောင်း ကို အထက်ပါ ပုဂ္ဂိုလ်က ပြောခြင်းဖြစ်သည်။

"ဘဏ်တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ဗဟိုဘဏ်က လုံးဝကို တာဝန်ယူတယ်။အခုအပြင်မှာထွက်နေတဲ့သတင်းတွေက သတင်းမှားတွေပဲ။ ဒါတွေကိုပြည်သူတွေ အလေးထားဖို့မလိုဘူး။"ဟု ဗဟိုဘဏ် ဒုညွှန်ချုပ် ဦးဝင်းသော်ကပြောကြားသည်။

လက်ရှိ KBZ ဒုဥက္ကဌ ဦးသန်းလွင်ကလည်း လတ်တလော ထွက်နေသည့် သတင်းမှားကို မယုံကြည်ရန်နှင့် သတင်းထုတ်ပြန်ချက်များကို လည်း ဆက်လက်ထုတ်ပြန်မှု ပြုလုပ်နေ မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင်နောက်နောင်ကောလဟာလသတင်းများပေါ်လာခဲ့လျှင် ဗဟိုဘဏ်နှင့်သက်ဆိုင်ရာ ဘဏ်များသို့တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဦးဝင်းသော်က ထပ်မံပြောကြားသည်။

စံကျော်

No comments:

Post a Comment