28 August, 2012

နာရေးကူညီမှုအသင်း(ရန်ကုန်) Website ဖွင့်ပြီ ...

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ဝက်ဘ်ဆိုဒ်အား စတင်လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT) မှ နာရေး ကူညီမှုအသင်း (ရန်ကုန်) အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲ လှူဒါန်း ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်း သည် (၁၂) နှစ် တာကာလ ရောက်ရှိသော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မရှိခဲ့ချေ။ နာဂစ်မုန်တိုင်း အချိန်ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှု များ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Update မလုပ်နိုင် ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ ရပြီး နောက်တစ်ခါ ထပ်ကြိုးစားကြောင်း၊ ယခုအချိန်သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မိမိတို့ အသင်းအတွက် အရမ်း လိုအပ်နေ သည့် အရာ တစ်ခုဖြစ်ကြောင်း ပြော ကြား ခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍ လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြရန် အရေးကြီးပါကြောင်းနှင့် အသင်းအတွက် လိုအပ် လျှက်ရှိသော Website ကို လှူဒါန်းပေးခဲ့သော TNT ကုမ္ပဏီအားလည်း အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။
  ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်) တွင်လည်း Website မရှိသေးသည်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင် ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံအကြမ်း ပြသ ပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစ အရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက် သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင်ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ် ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သည့် အချက်အလက်များအား ကဏ္ဍအသီးသီး ဖြင့် အသေး စိတ်ဖော်ပြပေးထား ကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ် ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်း ဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်း သမားများ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေး မှူး ဒေါ် ဧရာမောင် မောင်နှင့် အသင်း သား/ သူများတို့အား မိတ်ဆက်ပြသပေး ခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
   ထို့ကြောင့် နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အများပြည်သူ တို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီး တို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှု များအား ကြည့်ရှု့နိုင်တော့ မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် http://www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S(Ygn) နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ အချိန် မရွေးရောက်ရှိ နိုင်တော့ မည်ဖြစ်သည်။

 အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီ ဆန်သော လူ့ဘောင်ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။” 

No comments:

Post a Comment