28 August, 2012

မြွေအားပြန်ကိုက်ခဲ့သော နီပေါနိုင်ငံသား ..

                                               photo-google


နီပေါနိုင်ငံတွင် မြွေဟောက်အကိုက်ခံရတဲ့ နီပေါနိုင်ငံသား အသက်(၅၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ၎င်းကို ကိုက်ခဲ့သော မြွေအား လက်စားချေတဲ့အနေနဲ့ မြွေကို သေသည်အထိ ပြန်ကိုက်ခဲ့တဲ့အကြောင်းကို နီပေါနိုင်ငံမှ Annapurna နေ့စဉ်သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အင်္ဂါနေ့က ၎င်းအား စပါးစိုက်ခင်းအတွင်း ပေါက်ခဲ့သောမြွေအား နောက်မှလိုက်ကာ ဖမ်းခဲ့ပြီး ထိုမြွေသေသည်အထိ ပြန်ကိုက်ခဲ့တာဖြစ်ကြောင်း သိရသည်။
၎င်းက ဆိုသည်မှာ ထိုမြွေကို သူက သတ်ပစ်လိုက်လို့ရပေမယ့် ၎င်းကိုကိုက်ခဲ့သည့် မြွေအား အလွန်ဒေါသထွက်နေသောကြောင့် သေသည်အထိ ပြန်ကိုက်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။
မြွေကိုက်ခြင်း ခံခဲ့ရသည့် ၎င်း၏ ဝေဒနာအား ဒေသတွင်း ရွာဆေးပေးခန်းတွင် ကုသခံခဲ့တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိခဲ့ကြောင်း သိရသည်။
ဘေးမဲ့ပေးထားသည့် မြွေအမျိုးအစားစာရင်းထဲတွင် ပါဝင်ခြင်းမရှိသည့် မြွေကို ပြန်ကိုက်သတ်ခဲ့သည်မို့ ထိုအမျိုးသားအား  တစုံတရာ အမှုစွဲ အရေးယူခြင်း မရှိကြောင်းလည်း သိရသည်။


No comments:

Post a Comment