17 February, 2013

ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးအလောင်းတွေ့ရှိ...(ကြောက်တတ်သူများ မဖတ်ရ)..


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထားသော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

(ကြောက်တတ်သူများ - နှလုံးရောဂါ ရှိသူများ  မဖတ်သင့်ပါ )

 
၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်
ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။
လမ်းပြကြယ်







No comments:

Post a Comment