20 December, 2012

ပြည်တွင်းတွင် အမှိုက်မီးရှို့စက် တည်ဆောက်ရန်ရှိ...


ဂျပန်ကုမ္ပဏီဖြစ်သည့် NEDO ၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သန်း(၃၀)တန်အမှိုက်မီးရှို့စက်အား ပြည်တွင်း၌တည်ဆောက်သွားဖို့ရှိ ကြောင်း သိရသည်။
အမှိုက်မီးရှို့စက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း(၃၀)၏ ၁၀ရာခိုင်နှုန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကအကုန်အကျခံရမှာဖြစ် ကြောင်း သိရသည်။
ပြည်တွင်းတွင် အမှိုက်မီးရှို့စက် တည်ဆောက်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားကြောင်းလည်း သိရသည်။
ယင်းအမှိုက်မီးရှို့စက် တည်ဆောက်ပြီးပါက အမှိုက်တန်ချိန် (၆၀၀)အထိ မီးရှို့နိုင်မှာဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် အမှိုက်များကို Waste to Energy စနစ်ဖြင့် ဆောင်ရွက်သွားဖို့ ရှိကြောင်းလည်း သိရသည်။
Source : MRTV4

No comments:

Post a Comment