09 March, 2013

ကိုရီးယား ၂၇ ဦး ရဟန်းခံ ...


ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် ကိုရီးယား ဘုန်းတော်ကြီး ၂၇ ပါးအား ထေရ၀ါဒ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို နိုင်ငံတော်ပရိပတ္တိ သာသနာ့တက္ကသိုလ် ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမတွင်  ပြုလုပ်ခဲ့သည်။


ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲကျင်းပရာတွင် အစီအစဉ်နှစ်ပိုင်းခွဲကာ ပြုလုပ်ခဲ့ပြီး အစီအစဉ် ၉ ရပ်ဖြင့် ကျင်းပခဲ့သည့် အခမ်းအနားတွင် ““ကိုရီးယားဘုန်းတော်ကြီးတွေက ဘုန်းတော်ကြီးချင်းအတူတူ အခုလို ဒီကိုလာပြီး ထေရ၀ါဒဗုဒ္ဓဘာသာအဖြစ် ရဟန်းအဖြစ်လာဆောင်ရွက်တာက ဘုန်းကြီးတို့ရဲ့ ထေရ၀ါဒ ဓမ္မ သည် ခိုင်လုံတဲ့ဓမ္မဆိုတာပြလို့ ရသွားတယ်”” ဟူ၍ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအာဒိဒ္စ၀ံသက မိန့်ကြားခဲ့သည်။
ကိုရီးယားဘုန်းတော်ကြီး၂၇ပါးကိုဗုဒ္ဓဘာသာရဟန်းခံနည်းအတိုင်း ဆောင်ရွက်စေခဲ့ပြီး ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အာဒိဒ္စ၀ံသ ဟောကြားသော တရားတော်ကို နာကြား ၍ ရေစက် သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်း ခဲ့ပြီး အခမ်းအနားကို သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာ့တက္ကသိုလ်မှ ဆရာတော်ကြီးများ၊ ကိုရီးယားဘုန်းတော်ကြီးများ တက်ရောက်ခဲ့ ကြသည်။

Top of Form

Bottom of Form
Top of Form
Bottom of Form
Top of Form
မြန်မာသံတော်ဆင့်

No comments:

Post a Comment