23 December, 2012

မန္တလေးမြို့တွင် မန်းမြန်မာဈေးချိုပလာဇာ(၂၅) ထပ်ထက်မြင့်မားသော(၂၈)ထပ်အမြင့်ရှိ နိုင်ငံတကာ အဆင့်မီဟိုတယ် တည်ဆောက်မည် ...


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၄လမ်းနှင့် ၈၅လမ်းကြား၊ ၃၉လမ်းနှင့် လမ်း၄၀ကြားတွင် မန်းမြန်မာဈေးချိုပလာဇာ(၂၅)ထပ်ထက်မြင့်မားသော (၂၈)ထပ်အဆင့်(အမြင့်) ရှိနိုင်ငံတကာအဆင့်မီဟိုတယ်တစ်ခုတည်ဆောက် သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာရေးကော်မတီမှသိရသည်။
" ဟိုတယ်တည်ဆောက်ဖို့ ခွင့်ပြုချက်ကိုတော့ မြေနေရာ အရည်အသွေးတွေကောင်းမကောင်း အရင်ဆုံးစမ်းသပ် သွားမှာဖြစ်ပါတယ်၊နောက်ပြီး အထပ်မြင့် အဆောက် အအုံတွေ စမ်းသပ်စစ်ဆေးတဲ့အဖွဲ့ရဲ့ခွင့်ပြုချက် လည်းရယူမှာဖြစ်ပါတယ်၊ အချက်အ လက်တွေပြည့်စုံကောင်း မွန်မှသာ တည်ဆောက်ခွင့်ပေး သွားမှာဖြစ်ပါတယ်" ဟု မြို့တော်စည်ပင်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီဟိုတယ်ကြီးမှာ အထပ်(၂၈)ထပ်တွင်အခန်းပေါင်း(၆၇၇)ခန်းပါဝင်မည် ဖြစ်ကာ မန္တလေးမြို့ရှိ အခြား နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများထက် အမြင့်ဆုံး ဟိုတယ်တစ်ခုဖြစ်ကြောင်းသိရသည်။
Yangon Media

No comments:

Post a Comment