23 December, 2012

CIF ဈေးနှုန်းအသစ်ကြောင့် ကားအရောင်းစင်တာတွေ အထိခိုက်ဆုံးဖြစ်ခဲ့ ..


သုံးလကြာကားအရောင်းအ၀ယ်အေးစက်ခဲ့ပြီးနောက်မော်တော်ယာဉ်တင် သွင်းသည့်သူ များအတွက် CIFဈေးနှုန်း(ဆိပ်ကမ်းအရောက်ကားတန်ဖိုး)များ ထွက်ပေါ်လာခဲ့ကြောင်း စုံစမ်းသိ  ရှိဟုသည်။
ယခုလိုအသစ်ပြဋ္ဌာန်းလိုက် သော CIF ဈေးနှုန်းကြောင့် ကား   အရောင်းစင်တာများအထိခိုက်ဆုံး ဖြစ်ခဲ့ကြောင်း ထပ်မံသတင်းရ ရှိသည်။
“၂၀ ရာခိုင်နှုန်းလောက် CIF ဈေးနှုန်းကျသွားတယ်။ အရင်  ကားသွင်းထားတဲ့လူတွေအတွက်  လုပ်ရကိုင်ရတာနည်းနည်းခက် သွားတယ်။ ကားသွင်းတာကလည်း  အရောင်းစင်တာတွေက သွင်းတာ အများဆုံးဆိုတော့ဒီအရောင်းစင် တာတွေထိခိုက်တာပေါ့“ဟုFarmers Autoကားအရောင်းစင် တာမှအုပ်ချုပ်မှူဒါရိုက်တာဒေါက်  တာစိုးထွန်းကယခုလ ၁၆ ရက်နေ့  တွင်ပြောကြားသည်။
ခုနှစ်အလိုက်ယခင် CIF ဈေးနှုန်းဖြင့် တစ်နှစ်စီထပ်တိုးတင် သွင်းနိုင်မည်ဖြစ်ပြီး ဥရောပကား များသည်အပြောင်းအလဲအများဆုံး   ဖြစ်ခဲ့ကာ ယခင် CIF ဈေးနှုန်း ဒေါ်လာ ၇၀၀၀၀ မှ ဒေါ်လာ ၄၀၀၀၀ သို့လျှော့ကျသွားကြောင်း  သိရသည်။ ယာဉ်အိုယာဉ်ဟောင်း   ဖျက်သိမ်းစလစ်ဖြင့် တင်သွင်းသော ကားများနှင့် တစ်ဦးတစ်ယောက် ချင်းဘဏ်အကောင့်ဖွင့်၍တင်သွင်း သော ၁၃၀၀ CC နှင့် အထက်ကား   များ CIF ဈေးနှုန်းအပြောင်းအလဲ   မရှိခဲ့ကြောင်းထပ်မံသိရှိရသည်။
“အရင် CIF ဈေးနှုန်းနဲ့ သွင်းထားတဲ့ကားတွေက အရောင်း  ပြခန်းထဲမှာရှိသေးတယ်။ ဆိပ်ကမ်း  မှာလည်းမထုတ်ရသေးတာရှိတယ်။ အခု CIF ဈေးကျသွားတော့ အရင်သွင်းထားတဲ့ကားတွေကို ဈေးလျှော့ရောင်းရမလိုဖြစ်နေပြီ။ ဥရောပကားတွေသွင်းထားတဲ့ အရောင်းပြခန်းတွေဆိုရင် ၆၀ ရာ  ခိုင်နှုန်းလောက်ဈေးချရောင်းမှ ၀ယ်မယ့်လူရှိမယ်”ဟု ရန်ကုန်မြို့   တွင်း၌ ကားအရောင်းစင်တာဖွင့် လှစ်ထားသူတစ်ဦးက ပြောကြား သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း  ၀ယ်ရေးဝန်ကြီးဌာနထုတ်ပြန်ကြေ ညာထားသည့်မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒအသစ်နှင့် CIF ဈေး နှုန်းအသစ်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။
“ဒီ CIF ဈေးနှုန်းကကားတင်   သွင်းမယ့်လူတွေအတွက် လုပ်သာ ကိုင်သာရှိမယ့်နှုန်းထားတစ်ခုလို့ ပြောလို့ရပါတယ်”ဟု မော်တော်   ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းသူ များ အသင်းမှအတွင်းရေးမှူး ဦးအေးထွန်းကယခုလ ၁၅ ရက် နေ့တွင်ပြောကြားသည်။
ဟံသာဝတီကားပွဲစားတန်းမှ ကားပွဲစားကိုဇော်ဇော်ကလည်း  “ဒီဈေးနှုန်းက ကောင်းပါတယ်။ ကျွန်တော်တို့ပိုပြီးလုပ်သာကိုင်သာ  ရှိလာပါတယ်။ ကားဈေးတော့ကျ သွားဖို့ရှိတယ်။ နောက်ပိုင်းကျရင်  ကားဈေးကျလည်းကျတဲ့အပေါ်  မှာပဲ အရောင်းအ၀ယ်ဖြစ်မှာပဲ၊ ကားဈေးကွက်တဖြည်းဖြည်းနဲ့ ပြည်သူလူထုစီးနိုင်မယ်အခြေအနေ တစ်ခုကို ရောက်တော့မှာပါ။ ဒါပေမဲ့ ကားတင်သွင်းတဲ့ မူဝါဒနဲ့ CIF ဈေးနှုန်းကို တရားဝင်သတ် သတ်မှတ်မှတ်လေးလုပ်ပေးရင် ကားရောင်းဝယ်လုပ်သူရော၊ ကား ၀ယ်စီးတဲ့လူတွေအတွက် ရောပို အဆင်ပြေမှာပါ”ဟု ပြောကြား သည်။
ယခုကို အသစ်ပြဋ္ဌာန်းလိုက် သော CIF ဈေးနှုန်းကြောင့် ကား   ဈေးထက်တိုက်ကျဆင်းလာဖို့ရှိပြီး ၁၀ သိန်းမှ ၁၅ သိန်းထိထပ်မံကျ ဆင်းသွားနိုင်သည်ဟု ကိုဇော်ဇော်    ကထပ်လောင်းပြောကြားသည်။
အောက်တိုဘာလပိုင်းမှစ၍ CIF  ဈေးနှုန်းမှာ ပြင်ဆင်သတ်မှတ် မည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ကားအရောင်းအ၀ယ်ရပ်တန့်ခဲ့ကာ   ဈေးနှုန်းမှာလည်း တဖြည်းဖြည်း  ကျဆင်းလာခဲ့သည်။
မြန်မာနိုင်ငံရှိလူကြိုက်များသည်   ရွှေငါး Mark 2  modelအမြင့်တစ်စီးကို အောက်တိုဘာလပိုင်းက သိန်း ၂၁၀ ရှိရာမှ သိန်း ၁၉၀ သို့ကျ ဆင်းသွားခဲ့ပြီး Toyota Probox တစ်စီးကို သိန်း ၁၄၀ မှ သိန်း ၁၂၀ နှင့် Honda Fit တစ်စီးကို သိန်း ၁၄၀ မှ ၁၂၀ သို့ ကျဆင်း သွားခဲ့ကြောင်း ရန်ကုန်မြို့တွင်း ရှိကားပွဲစားတန်းများမှ စုံစမ်းသိ ရှိရသည်။

No comments:

Post a Comment