05 November, 2012

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ် ခန့်ပိတ် ..


 
Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ် ဖျက်သိမ်းခြင်း နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ်ထားကြောင်း လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။
လူကြီးမင်းဖုန်းဆိုင်မှ နိုဝင်ဘာလ (၃) ရက်နေ့တွင် Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက် သိမ်းလိုက် ရကြောင်းနှင့် အဆိုပါရက်နေ့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ၎င်းတို့၏ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ဖြစ် သည်ဟု နိုဝင်ဘာ (၄)ရက် သတင်းစာရှင်းလင်းပွဲတွင် လူကြီးမင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment