05 November, 2012

အင်းစိန်အကျဉ်းထောင်ဆေးရုံ ပေါ်မှ နှစ် ၃ဝ ထောင်ကျအကျဉ်းသားတစ်ဦးခုန်ချ သေဆုံး ..


ဆေးကုသမှုခံယူနေရသော နှစ် ၃ဝ ထောင်ကျနေသော အကျဉ်း သားတစ်ဦး အင်းစိန်အကျဉ်းထောင် ဆေးရုံပေါ်မှ ခုန်ချသေဆုံးမှုတစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ အချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
သေဆုံးသူမှာ အကျဉ်းသား အစ/ဝ၈/၁၂၄၄ဝ/တ အုန်းသန်း (ခ) အုန်းသောင်း ၅၇ နှစ်၊ (ဘ) ဦးတင်ရှိန်၊ ထိပ်တန်းရပ်ကွက်၊ နေကြာလမ်း သာစည်မြို့ မန္တလေးတိုင်း ဒေသကြီးနေသူ ဖြစ်သည်။
၎င်းသည် အင်းစိန်အကျဉ်း ထောင်ဆေးရုံတွင် HIV ၊ တီဘီ ရောဂါဖြင့် တက်ရောက်ဆေးကုသ နေရာမှ အင်းစိန်အကျဉ်းထောင်ဆေး ရုံအပေါ်ထပ်မှ ခုန်ချသေဆုံးသွားခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကို အင်းစိန်မြို့နယ် နုမြို့နယ်တရားသူ ကြီး ဦးရဲကိုကို စခမ ရဲအုပ် သန်းထိုက်စိုး၊ အကျဉ်းဦးစီးဌာနမှ သက် သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ အုန်းသန်း(ခ) အုန်းသောင်းမှာ အရှေ့ပိုင်း၊ အနောက် ပိုင်း၊ တောင်ပိုင်း တရားရုံးတို့မှ ရာကြီးအမှတ် ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၃၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၈၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈ဝ၊ ဝ၈ တို့အရ အပတ-၃ အမှုဖြင့် ထောင်ဒဏ်စုစုပေါင်းနှစ် ၃ဝကျခံနေရသော အကျဉ်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ယင်းသည် အကျဉ်းထောင် ဆေးရုံအပေါ်ထပ် ၂၅ ပေအမြင့်မှ ခုန်ချသဖြင့် ခုံခေါင်းနောက်စေ့ ပေါက် ပြဲဒဏ်ရာ ၁ ချက်ရရှိပြီး ဆေးဝါး ကုသနေစဉ် ၈ နာရီ ၁၅ မိနစ် တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုအား ဓမ္မတအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး နိုင်ရန် အင်းစိန်မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇၈/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ သည်။
____________________________________
Reference and Credit to -The Messenger

No comments:

Post a Comment