05 November, 2012

ခိုတစ်ကောင်၏ ခြေထောက်အရိုးနှင့် ပူးတွဲထားသည့် ဒုတိယ ကမ္ဘာစစ် အတွင်းက လျှို့ဝှက် စာ တစ်စောင် အား တွေ့ရှိ ..


ဗြိတိန် နိုင်ငံ ဘလက် ချင်ဂလီ မြို့ရှိ အိမ် တစ်လုံး၏ မီးခိုး ခေါင်းတိုင် တစ်ခု အတွင်း၌ ခို တစ်ကောင်၏ ခြေထောက် အရိုးနှင့် ပူးတွဲထား သည့် ဒုတိယ ကမ္ဘာစစ် အတွင်းက လျှို့ဝှက် စာတစ်စောင်ကို တွေ့ရှိခဲ့ ကြောင်း သိရသည်။
ဘလက် ချင်ဂလီ မြို့တွင် နေထိုင်သော ဒေးဗစ်မာတင် ဆိုသူသည် မီးလင်းဖိုကို အသစ် ပြုပြင် ရာတွင်မီးခိုး ခေါင်းတိုင် အတွင်းမှ အနီရောင်
လျှို့ဝှက်စာ ထည့်သည့် ဘူးနှင့် တွဲလျက် ရှိသည့် ခိုခြေထောက် အရိုး ကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ရှာဖွေ တွ့ရှိခဲ့သော စာပို့ခိုသည် နာဇီ သိမ်းပိုက်ထားသည့် ပြင်သစ် နယ်မြေ အတွင်း လျှို့ဝှက် လှုပ်ရှား သူများက ရန်သူ့ နောက် ကွယ်မှ အင်္ဂလန်သို့ စာပို့ခို စေလွှတ် စေခဲ့ကြောင်း၊ ၎င်း ခိုများသည် အင်္ဂလိပ်
ရေလက်ကြားကို ဖြတ်သန်း ခဲ့ပြီး မာတင်၏ မီးခိုး ခေါင်းတိုင် အတွင်း ဝင်ရောက် နားခိုစဉ် ရာသီ ဥတု ဆိုးရွားမှု များကြောင့် သို့မဟုတ် အမောဆို့ ခြင်းကြောင့် သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း လေ့ လာ တွေ့ရှိချက် များအရ သိရသည်။

မြ၀တီ

No comments:

Post a Comment