18 November, 2012

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် ရောက်ရှိနေခြင်း. ..



အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်ရှိ လာမည်ဖြစ်သည်။ ယင်းနှင့်အပြိုင် အမေရိကန် ရဟတ်ယာဉ်တင် သင်္ဘောတစ်စီးကိုမြန်မာ့ ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်း တစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့ပါသည်။
သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံ လွင့်ထူထားပြီး ရေယာဉ် ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက် မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။
 အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်လုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း တရားဝင် အကြောင်းကြား ညှိနိုင်းဝင်လာခြင်းလား သို့မဟုတ် Base Line ပြဿနာ အခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်းလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါသည်။မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို အနီးတစ်ဝိုက်တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်းရသည်။
စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်းသိရှိရသည်။
မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ် ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟုဆန္ဒပြုဖော်ပြအပ်ပါသည်။
မောင်ဝါဆို
Ref; Myanmar NAVY


 မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့
Sunday, November 18, 2012
မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 မှ အရာရှိ၊စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင်မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment