18 November, 2012

အမေရိကန်သမ္မတ အိုးဘားမား ဘန်ကောက်မြို့ကို ရောက်ရှိ ..


မြန်မာ အပါအ၀င် အာရှ(၃)နိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန်သမ္မတ အိုးဘားမားဟာ နိုဝင်ဘာ(၁၈)ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပါပြီ။ သူဟာ ၂နိုင်ငံချစ်ကြည်ရေး နှစ်(၁၈၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ်နဲ့ တွေ့ဆုံဖို့ရှိနေပြီး မနက်ဖန် နိုဝင်ဘာ၁၉ရက်မနက်ပိုင်းမှာရန်ကုန်မြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဧည့်သည်တော်မှတ်တမ်းစာအုပ်ဝယ် မစ္စတာ အိုဘားမား လက်မှတ်ရေးထိုးနေစဉ်
မစ္စတာ အိုဘားမားနှင့် မစ္စ ယင်လတ်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံနေကြစဉ်။ မစ္စယင်လတ်သည် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့ Peace Palace ၌ ကျင်းပနေသော၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ထိုင်းနိုင်ငံသို့ ခေတ္တပြန်လာခဲ့ခြင်းဖြစ်သည်
  အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုရှိ         "၀ပ်ဖို" တော်ဝင် လျောင်းတော်မူဘုရားကြီးအား ဖူးမျှော်နေကြစဉ်

No comments:

Post a Comment