25 November, 2012

ရန်ကုန်တိုင်းမီးသတ် သတင်းထုတ်ပြန်မှုရပ်ဆိုင်း ...

                                   နေပြည်တော် မီးသတ်ဌာန
ပြည်ထဲရေး ဝန်ကြီးဌာန အောက်သို့ ရောက်ရှိပြီး ၂ပတ်ကျော် အကြာနိုဝင်ဘာလ ၂၀ရက် နေ့မှ စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး အတွင်း ဖြစ်ပွားသော မီးလောင်မှု သတင်းများ ထုတ်ပြန်မှု ရပ်ဆိုင်း လိုက်ကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးလောင်မှု သတင်းများကို မီဒီယာ
များထံ ထုတ်ပြန်ခြင်း မပြုရန် မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေး တွင် ပြောကြား ခဲ့ပြီး၊ မီးသတ် ရုံးချုပ် ကသာလျှင်
သတင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာန မီးသတ် တပ်ဖွဲ့ဝင် တစ်ဦး က ပြောကြားသည်။
“သတင်း မထုတ်ပြန် နိုင်တာ အားနာပါတယ်၊ အရာရှိက ညွှန်ကြား ထားလို့ပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ သတင်း ထုတ်ပြန်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ မီးသတ်
ဦးစီးဌာန က အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်း
ရာတွင် ၎င်းအနေဖြင့် မသိကြောင်း ပြောကြားသည်။
တပ်မတော် အစိုးရ လက်ထက် ကတည်းက ပြည်ထဲရေး ဝန်ကြီး
ဌာနသည် သတင်း ထုတ်ပြန်မှု တွင် အကန့်အသတ် နှင့်သာ ထုတ်ပြန်
သည့် အစဉ်အလာ ရှိကြောင်း အတွေ့ အကြုံ ၅နှစ်ကျော် ရှိ အလွတ် သတင်းထောက် တစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနကို ယခင် ပြည်ထဲရေး ဝန်ကြီး ဌာန လက်အောက်မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ ခဲ့ပြီး နိုဝင်ဘာလ ၆ရက် နေ့က မူလ ဝန်ကြီးဌာန လက်အောက် ပြန်လည် ပြောင်းရွေ့ ခဲ့ခြင်းဖြစ်သည်။ 
The Voice

No comments:

Post a Comment