03 April, 2013

၄၈ လမ်းဗလီမီးလောင်မှု့ အတွက် ဖြစ်ရပ်မှန် သတင်းစုစည်းခြင်း ..

သေဆုံးသူ ကလေး အလောင်း များ
၄၈ လမ်းဗလီမီးလောင်မှု၌ ဗလီအတွင်းတွင်ရှိနေသော ဗလီဆရာများ
၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များ နှောင့်နှေးကြန့်ကြာမှုကြောင့် ကလေးငယ်များမီးခိုးမွှန်ပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ဧပြီလ ၂ ရက် နံနက်ပိုင်းတွင်တိုင်းဒေသကြီးအစိုးရရုံး၌ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။


"အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေလုပ်ဆောင်ချက်တွေ နှောင့်နှေးကြန့်ကြာတာတို့ ဖြစ်နေတဲ့အတွက်မီးခိုးမွှန်ပြီး သေဆုံးခဲ့ရကြောင်း မှုခင်းဆရာဝန်တွေရဲ့ စစ်ချက်ရရှိထားပါပြီ" ဟု ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
မီးလောင်သည့် နေရာသို့ မီးသတ်ကားများ ရောက်ရှိသွားပြီး ဗလီတွင်းတွင် ကလေးများရှိနေသည်ကို သိရှိရသဖြင့် နှစ်ထပ်ခတ်ထားသော သော့အား
မီးသတ်ရဲဘော်များက ဖျက်ဆီး၍ ဖွင့်ပေးခဲ့ရကြောင်း ရဲမှူးကြီးဝင်းနိုင်က
ပြောသည်။ (7Day News Journal. )
ထိုမီးလောင်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ဗလီတာဝန်ခံနှင့် ဗလီဆရာအား ပေါ့ဆမှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။_The FirstMedia Group
ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း၊ မ/၁၈၃ ရှိ ဆော်ဒီကီးရား ရေကျော်ဗလီ မီးလောင်မှုမှာ တာဝန်အရှိဆုံးဗလီဆရာနှစ်ဦးကို သက်ဆိုင်ရာမှ တရားစွဲဆိုသွားမည်ဟုသိရ၂-၃-၂၀၁၃ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ ရှိ ဆော်ဒီကီးရား ရေကျော်ဗလီ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားကြောင်း မီးလောင်ကျွမ်းမှု သတင်းရလျှင်ရချင်း အမှတ် ၂ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေနဲ့အဖွဲ့ဟာ မီးသတ်ယာဉ်၆ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။ အဲဒီလိုမီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း အဆိုပါဗလီအား သော့များ အထပ်ထပ်ခတ်ထားခြင်းကြောင့် ဗလီအတွင်းပိုင်း မီးလောင်မှုကြောင့် အဲဒီဗလီအပေါ်ထပ်မှာ အိပ်နေတဲ့ ဗလီကျောင်းသား ၇၀ ဦးတို့ရဲ့ အော်ဟစ်အကူအညီတောင်းမှုတွေကြောင့် တာဝန်အရှိဆုံးဖြစ်သည့် ဗလီတာဝန်ခံဦးခင်မောင်အေး ၃၅ နှစ်၊ (ဘ) ဦင်္းမက်သရဖီ၊ ၄၈ လမ်းနေသူနှင့် ဗလီဘော်ဒါဆရာ ဦးဇေယျာဖြိုး ၃၃ နှစ် (ဘ) ဦးကိုလေး သာကေတမြို့နယ်နေသူတို့နှစ်ဦးစလုံးမှာလည်းဖွင့်စရာသော့ပျောက်နေ သည်ဆိုခြင်းကြောင့် မီးသတ်တပ်ဖွဲ့များမှ ခတ်ထား သော သော့ခလောက်များကို ရိုက်ဖျက်ပြီး ဗလီတွင်းဝင်ရောက်မီး ငြှိမ်းသတ်ခဲ့ရကြောင်း၊ ဗလီကျောင်သား ၇၀ ဦးရှိတဲ့အနက် ၁၃ ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွှန်ဒဏ်ရာတို့ဖြင့် သေဆုံးနေပြီး ၄ ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အဆိုပါဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိပြီး ဗလီအပေါ်ထပ်တွင် ကျောင်းသား ၇၀ အိပ်နေကြောင်းလည်း သိရပါတယ်။ အချိန်နဲ့တစ်ပြေးညီ ရေကျော်ဗလီမီးလောင်မှုကို စစ်ဆေးရာတွင် ဗလီအတွင်း တပ်ဆင်ထားတဲ့ မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး ဗလီအတွင်းပိုင်းအား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးလောင်မှုမှာ တာဝန်အရှိဆုံးနှင့် သော့ကိုင်သူတို့မှ သော့ပျောက်နေခြင်းကြောင့် အချိန်နဲ့တစ်ပြေးညီကျောင်းသားများအား ကယ်မထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရပါတယ်။ ယခုအခါ ဖော်ပြပါဗလီဆရာနှစ်ဦးအားသက်ဆိုင်ရာမှတရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် အခင်းဖြစ်အရပ်ကို တိုင်းဒေသကြီးလုံခြုံ/နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းနိုင်၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသက်လွင်နှင့်အဖွဲ့တို့မှ ရောက်ရှိစစ်ဆေးခဲ့ကြကြောင်း သိရှိရပါတယ်။
မီးသတ်ကားက ဥသြမဆွဲဘူးလို့ ပြောကြားချက်များနှင့်ပတ်သက်ပြီး တော့လည်း နံနက် ၂ နာရီကျော် ၃ နာရီဝန်းကျင် ပြည်သူလူထုအိပ်စက်အနားယူနေတဲ့အချိန်လည်း ဖြစ်တယ်။ အထိတ်တလန့်ဖြစ်ကုန်မှာစိုးတဲ့အတွက်ကြောင့်လို့ထင်တယ်။ အခုအခြေအနေကလည်း သိတဲ့အတိုင်းပဲလေ။ မလိုလားအပ်ဘဲ ပြည်သူတွေ အထိတ်တလန့်ဖြစ်မှာစိုးလို့ မီးလောင်မှုအတွက် မီးသတ်ရေသယ်ယာဉ်တွေကို အခင်းဖြစ်ပွားရာနဲ့အနီးဆုံးနေရာရောက်မှ ဥသြဆွဲဖို့ ညွှန်ကြားတာလို့ထင်တယ်။ တကယ်လည်း မီးသတ်ကားတွေက ဥသြဆွဲပါတယ်။ ဒါဟာလည်း လုပ်ရိုးလုပ်စဉ်ပါ။ အခု မီးလောင်မှုဟာ ဗလီအတွင်းပိုင်းထဲမှာ လောင်နေတာ ဗလီကိုလည်း အဆင့်ဆင့်သော့တွေခတ်ထားတယ်။ ဘယ်လိုမှ ကောလာဟလ တွေလွှင့်နေသလို ရှို့မီးလည်းမဟုတ်ပါဘူး။ ပြောနေကြတဲ့ မီးမလောင်ခင် ပေါက်ကွဲသံကြားတယ် ဆိုတဲ့ ကောလာဟလစကားကလည်း မှားယွင်းပါတယ်။ ဘာပေါက်ကွဲသံမှမကြားပါဘူး။ မီးသတ်ကားတွေကလည်း အနီးပတ်ဝန်ကျင်ရောက်လာတဲ့အခါမှာ ဥသြဆွဲပါတယ်။ အချိန်မီရောက်လာ လို့သာ ကလေး ၁၃ ယောက်လောက်ပဲ သေဆုံးတာ။ သော့ပျောက်နေတဲ့ ဗလီဆရာနှစ်ယောက်နဲ့ အချိန်မီသာမီးသတ်ကားတွေရောက်မလာရင်အဲဒီအထဲမှာရှိတဲ့ကလေးတွေအကုန်လုံး သေဆုံးကုန်မှာလို့ အဆိုပါ ဗလီနဲ့ အနီးဆုံးမှာနေတဲ့ပြည်သူတွက ပြောကြောင်းလည်း သိရှိရပါတယ်။
၄၈လမ်းမီးလောင်မှုအပေါ် ကောလာဟာလထွက်ပေါ်နေမှုများအား မယုံကြည်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် မေတ္တာရပ်ခံထားသည်။
"မီးသတ်တပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့များ အချိန်မီရောက်သွားခဲ့ပြီး အချို့တံခါးတွေ
ပိတ်ထားလို့ ချိုးဖျက် ပြီး မီးငြိမ်းသတ်ခဲ့ရတယ်လို့ လည်း သိရပါတယ်။
ဒီဖြစ်စဉ်ကို ဘာသာရေးပဋိပက္ခပုံစံအဖြစ် အင်တာနက်သတင်းအချို့ တက်နေတာကို လုံးဝ မယုံကြ ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒီသတင်းကို မြန်မာ့အသံ မနက်၈ နာရီသတင်းမှာ တင်ပြပေးပါ့မယ်။ ရဲဇာနည် ၀က်ဘ်ဆိုက်မှာ လည်း တင်ပေးနေပါတယ် ။
မီဒီယာများကလည်း သတင်းမှန်ထုတ်လွှင့်ပေးဖို့ နဲ့ ကောလာဟလများ
ကို ချေဖျက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"ဟု ဦးရဲထွဋ်က မေတ္တာရပ်ခံ
ထားခြင်းဖြစ်သည်။
(ဆက်လက် ဖော်ပြပါဦးမည်)
သေဆုံးသူ ကလေး ၁၃ ယောက်၏ မိခင်များ၏ ကြေကွဲ ဖွယ်မြင်ကွင်း 
 

၄၈လမ်း ဗလီ မီးလောင်မှုအဖြစ်မှန်ပေါ်ပေါက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သတင်း နှင့် စာနယ်ဇင်းရှင်းလင်း 

 ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ဇော်၊ မောင် မျိုး အောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင်ကာ လူသေဆုံးမှု၏ အများကစိတ်ဝင်စားနေသောအဖြစ်မှန်ပေါ်ပေါက်သွားခဲ့ပြီဟု ဧပြီလ ၂ရက်နေ့ ညနေကရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးတို့က ရှင်းလင်း ပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီး အားမြင့် စက်ဘေးတွင် အိပ်စက်ခဲ့ ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင် လွန် ခဲ့သော၂ရက်ခန့်ကရောက်ရှိလာကြသောဘာသာရေးစာသင်မည့်ကလေး ငယ် ၇၀ကျော်ကို အပေါ်ထပ်တွင် ကလေး ၁၃ဦး၊အောက်ထပ် တွင် ကလေး ၅၀ကို ဗလီဆရာ ဇေယျာဖြိုးခေါ်၊ မိုဟာ မက်အူလဟွာ နေရာချထားပေးခဲ့ရာ၊ ဧပြီလ ၂ရက်နေ့ နံနက် ၃နာရီခန့်တွင် မောင်ဝေယံသူအိပ်နေသော နေရာဘေး က မီးအားမြင့်စက်မှ အသံများ ဆူညံ စွာမြည်လာပြီးမီးခိုးများထွက်လာသောကြောင့်ဗလီဆရာဇေယျာဖြိုးနှင့် အခြား လူကြီးများ ကို ပြေးနှိုးသော် လည်း မနိုး ကြကြောင်း ထို့ကြောင့် စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်း မီးမသေဘဲ မီးခိုး များ အူထွက် လာပါကြောင်းထို့နောက်ဗလီဆရာဇေယျာဖြိုးနိုးလာပြီးစောင်များကိုဗလီတွင်သန့်ရှင်းရေးဆေးကျော   သော ရေအိုးမှ ရေများကို ဆွတ်ပြီး မီးလောင် နေသောနေရာကို အုပ် ခဲ့ကြောင်း၊ မီးအားမြင့်စက်အောက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီး မီးလောင် နေသောကြောင့် စောင်များ ဖြင့်အုပ်သော်လည်း မီးငြိမ်းမသွားဘဲ မီးခိုးများအူထွက်လာပြီးအပေါ်ထပ်တွင် အိပ်နေကြသော ကလေး ၁၃ဦးလုံး သေ ဆုံး ကုန်ကြောင်း၊ အောက် ထပ်မှ ကလေး ၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်း ဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါမှ ဗလီ မီးလောင် လူသေဆုံး မှု မှာ သူ၏အမှားမှားအယွင်းယွင်း ဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှကလေး များကို တံခါးသော့ခတ်ထားမိခြင်း မီးငြိမ်းသက် ရာမှ ထွက်လာသောမီးခိုးများကြောင့် အပေါ်ထပ်မှ ကလေး ၁၃ဦး သေဆုံး ကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအား မြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီ မှ ၂၅ကီလိုမီးစက်အတွက်လာပို့နေကြဒီဇယ်ရောင်းချသူကပို့ထားသော ဒီဇယ် များဖြစ်နေပြီး ပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊ လှေကားအောက်တွင် ထားခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး ၏ ပေကျံနေသောဒီဇယ်များမှာသူထားသောဒီဇယ်များသာဖြစ်နေခြင်း၊သူခြေ ချော်လဲသောဒီဇယ်မှာလည်းထိုဒီဇယ်များသာဖြစ်နေခြင်း၊   ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ဆိုးကျိုးများ ကို မိမိအပေါ်မကျရောက်စေရန် ဘေးကလာစီစဉ်ထားသလို ထင်ရောင် ထင်မှားစကားများကို လိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့ တွင် ထွက်ဆို ချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှလာရှို့သောမီးမဟုတ်ဘဲ သဘာ ၀အလျှောက် မီးအားမြင့်စက် မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ် ဒီဇယ်များကိုပါ မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း၊ မီးခိုးများ အူထွက်လာသောကြောင့် အပေါ်ထက် မှ ကလေးများ မီးခိုးမှိုင်း များ သေဆုံး ကုန်ခြင်း ဖြစ်ကြောင်း၊ (အကယ်၍ သာအပြင်က မီးလာရှို့ခြင်း ဆိုလျှင် သော့ခတ်ထားသော တံခါးကို ဒီဇယ် ပုံး က မ၀င်နိုင်ပါကြောင်း၊ ယနေ့ အချိန်ကာလ ရပ်ကွက်တိုင်းတွင် နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန် ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊ မီးရှို့မည်ကို စိုးရိမ်သောကြောင့် သတိထားနေချိန်မို့ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့ သူသည် ဒီဇယ်ကိုမသုံးပဲ ဓာတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင် မျက်မြင်သက်သေ ကလေး များ ၏ အဖြစ်မှန်ဖေါ်ထုတ်ပြပေးသော ကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးလောင်ဗလီမှ ထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင် ထားသော ဒီဇယ်ပုံးကို သတင်းနှင့် စာနယ်ဇင်းတာဝန်ရှိသူများကို ပြသခဲ့ပါ သည်။ မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကိုလည်း ထုတ် ဖေါ်ပြသခဲ့ပါသည်။
 ယခုအခါ ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူ များ က အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့် မြန်မာနိုင်ငံအပေါ် အထင် အမြင်လွဲမှု များဖြစ်ပေါ်နေရာသတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့် ပြည် သူများကို လည်းေ ကာင်း၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်း အမှန် အတိုင်း တင်ပြ နိုင် ရန် ခေါ်ယူရှင်း လင်း ရ ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။

thehotnews

No comments:

Post a Comment