01 March, 2013

ကသာ၌ ရဲ အရာရှိအား ဓားဖြင့်ထိုး ..


၂၈၊ ၂၊ ၂၀၁၃ ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်ခန့်က ကသာမြို့ ရဲစခန်းတွင် တာဝန်မှူး တာဝန်ထမ်းေ ဆာင်ေ နသော ရဲအုပ်မျိုးမြင့်သိန်း ဆိုသည့် ရဲအရာရှိ တစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း တရားခံမှ ဓါးဖြင့် ထိုးခဲ့သဖြင့်ယခုအချိန်တွင် ကသာခရိုင်ပြည် သူ့ဆေးရုံကြီးခွဲစိပ်ခန်း တွင်အရေးပေါ်ခွဲစိပ်ကုသမှုခံယူနေရကြောင်းသိရှိရပါသည်၊အသက် အန္တရာယ်ထိခိုက်နိုင်ရှိမရှိနှင့် ဒါဏ်ယာပြင်းထန်းမှုအခြေအနေကို မသိ ရသေးကြောင်းသတင်း ရရှိပါသည်၊


ရဲအုပ်မျိုးမြင့်သိန်းကို ဒါးဖြင့်ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံစိုးစိုး(ဘ)ဦးမှတ်အား အချိန်ပိုင်းအတွင်း ကသာ ခရိုင်ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်၊
အမှုဖြစ်စဉ်မှာ ရဲအုပ်မျိုးမြင့်သိန်းတာဝန်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသော ရဲစခန်းသို့ ဒေါ်ခင်သိန်း (ခ )ဒေါ်ဒါဘီ ယာ(အသက်၇၈နှစ်)မှ လာရောက်တိုင်ကြားသည်မှာတစ်ချိန်က ချွေး မတော်စပ်ဖူးသူ နှင့် မောင်ဖြစ် သူများမှဒေါ်ခင်သိန်းပိုင် အိမ်ဝန်းအတွင်း မိမိ၏ကခွင့်မပြုပါဘဲအိမ်ဆောက်နေသဖြင့်လာရောက်တာဆီးပေးပါရန် တိုင်ကြားခဲ့သဖြင့် ရဲအုပ်မျိုးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ အမှုဖြစ်ရာ ရပ်ကွက် (၉)အပိုင်း(၃)သို့ သွားရောက်တားဆီးခဲ့ပါသည်၊
ထိုသို့တားဆီး၍ ရဲစခန်းသို့ လိုက်ပါဖြေရှင်းကြဖို့ပြောဆိုရာတွင် သန်းထွန်းမင်း(၂၈နှစ်)ဘ-ဦးမှတ်မှ ဒါး မဖြင့်ေ ပါက်ပြီး နေ အိမ်သို့ ပြန်သွားခဲ့ပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းမှ သန်းထွန်းမင်းနောက်သို့ လိုက်သွားရာ သန်းထွန်းမင်း၏ညီဖြစ်သူ စိုးစိုးမှ အရိုး အသွား ၁၃.၅လက်မ ရှိ ဓါးမြှောင်ဖြင့် အိမ်ထဲမှ ထွက် ထိုးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောဆိုပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ကသာရဲစခန်းမှ (ပ)၅၆/၂၀၁၃ဖြင့်တိုင်ချက်ရေး သွင်းပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၃/ ၁၁၄ဖြင့် အရေးယူအမှုဖွင့်ထားကြောင်းသိရပါသည်၊
Posted from ဟာဂျူလီ-ကသာ

No comments:

Post a Comment