16 February, 2013

ညောင်ပင်လေးဈေးပေါ်ရှစ်လွှာမှလူတစ်ဦးပြုတ်ကျသေဆုံး ...

PHOTO BY: The Modern News
 ညောင်ပင်လေးဈေးပေါ် ရှစ်လွှာမှ လူတစ်ဦး ဖေဖော်ဝါရီလ ၁၅ရက်နေ့ ညနေသုံးနာရီကျော်ခန့်တွင်အဲယားကွန်ပြုပြင်နေရင်းမှ ပြုတ်ကျသေဆုံးခဲ့သည်။



 
သေဆုံးသူသည် လှိုင်သာယာမှ လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ညောင်ပင်လေးဈေး၏ ကိုယ်ပိုင်ဈေးအပေါ်ထပ် လူနေအိမ်ခန်းများ၏ အပေါ်ဆုံးထပ်မှ ပြုတ်ကျသေဆုံးခြင်း ဖြစ်သည်။
''ဖြစ်ဖြစ်ချင်း ဝုန်းခနဲအသံကြားလို့ထွက်ကြည့်တာ။ပထမတော့ သစ်သားချောင်းပြုတ်ကျတယ်မှတ်လို့ ကြည့်လိုက်တော့ လူဖြစ်နေတယ်။အသံအော်တာတွေ ဘာတွေမကြားရဘူး။ပက်လက်ကြီး အနေအထားတိုင်းနဲ့ သွေးကတော့ နည်းနည်းပဲထွက်တာ တွေ့ရတယ်။
ဒါပေမယ့် ဖြစ်ဖြစ်ချင်းမှာ တစ်ချက်လောက် လှုပ်သေးတယ်။ ပြီးတော့မျက်ဖြူစုတ်ပြီး ညိုမဲသွားတယ်''ဟု အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရသူ၏ ပြောပြချက်အရ သိရသည်။
ညောင်ပင်လေးအနီး ဈေးရောင်းသူတစ်ဦးက ''ဖြစ်ဖြစ်ချင်းတော့ လူတစ်ယောက် ပြေးဆင်းလာတာ တွေ့ရတယ်။သူ့အဖော်ထင်တယ်။ ကိုအောင် အားတင်းထားလို့ပြောလိုက်တာ ကြားရတယ်။
ကျွန်တော်တို့ရဲစစ်နေတာကို ကြားရသလောက်တော့ အသက်၂၂နှစ်လောက်ရှိပြီလို့ ကြားရတယ်။''ဟု ပြောပြခဲ့သည်။

 NEW BY: Eleven

 

No comments:

Post a Comment