16 February, 2013

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီး ဆုံးမှာ ပညာရေး ကဏ္ဍ တိုးတက် မြင့်မား ရေး ပင်ဖြစ် ဆရာ၊ ဆရာမ များမှ ပညာရပ် များကို အစဉ် လေ့လာ သင်ယူရန်လို ..


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်ကြသည့် ဦးရဲထွန်း၊ ဦးစောသိန်းအောင်၊ ဦးစတီဗင် သာဘိတ်နှင့် ဌာန ဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာ ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ ကလေး လေဆိပ်သို့ ရောက်ရှိကြသည်။


နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် တို့မှ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိမြို့ဖ များနှင့် လူမှုရေး အသင်း အဖွဲ့များက ကြိုဆိုကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ ဝင်များသည် ဒေသခံ တပ်နယ် အောင်ဇေယျ ရိပ်သာ ဧည့်ခန်းမသို့ ရောက်ရှိ ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ကလေးခရိုင် အတွင်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများအား ရှင်းလင်း တင်ပြရာ နိုင်ငံတော် သမ္မတက ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စများအား ဖြည့်စွက် ဆွေးနွေး မှာကြားသည်။


No comments:

Post a Comment