05 February, 2013

တစ်နပ်စားမြင့်လှိုင်ကို သမ္မတက သတိပေးဆုံးမ ပြုလုပ်..


လယ်သမားတွေ အကြွေးဆပ်နိုင်ဖို့ ထမင်းတစ်နပ်ပဲ စားဖို့ အကြံကောင်း ဥာဏ်ကောင်းပေးလိုက်တဲ့ တစ်နပ်စားမြင့်လှိုင်ကို သမ္မတဦးသိန်းစိန်က သတိပေးဆုံးမ ပြုလုပ်လိုက်ပါတယ်-

အရင်တစ်ခါကလည်း လွှတ်တော်အမတ်တွေကို လက်ညိုးထောင် ခေါင်းငြိမ့် ထိုင်ဆိုထိုင် ထဆိုထ နကန်းမှ မသိတဲ့ နလပိန်းတုံးတွေ ဆိုပြီး လျှာရှည်ခဲ့လို့ လွှတ်တော်ကို တောင်းပန်ခဲ့ရပါသတဲ့-
အခုလည်း သမ္မတဦးသိန်းစိန်က လယ်သမားဆိုတာ ထမင်းရှင် လို့တောင် သတ်မှတ်ခဲ့တာ ဖြစ်ကြောင်း၊ လယ်သမားမိသားစုက ပေါက်ဖွားလာတဲ့ သူကိုယ်တိုင် လယ်သမားတွေ နိမ့်ကျနေတာ မြင်ရလို့ လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ အခုလို တစ်နပ်ဘဲ စားဖို့ ပြောလိုက်တာဟာ လယ်သမားတွေကို စော်ကားလိုက်တာ ဖြစ်ကြောင်း၊ အစိုးရဆိုတာ ပြည်သူ ထမင်းနပ်မမှန်ရင်တောင် ရှိသမျှခြစ်ခြုပ်ပြီး ရှာကျွေးရမယ့် တာဝန်ရှိကြောင်း၊ လယ်သမားဝန်ကြီး လုပ်ပြီး ဒီလို စကားမှားတာတော့ မဖြစ်သင့်ကြောင်း၊ နိုင်ငံခြားမှာဆိုရင် ပြည်သူကို စော်ကားတာနဲ့ ရာထူးက ထွက်ရတာ တွေ့နိုင်ကြောင်း၊ ၀န်ကြီးဆိုတာ ပြည်သူတွေကို အကျိုးပြုဖို့ ခန့်အပ်ထားတာ ဖြစ်ကြောင်း စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့တာကို သိရပါတယ်-
ပြည်သူကို စော်ကားတဲ့ သူတွေဟာ ပြည်သူရဲ့ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာ အထင်အရှား ရှိနေတာကိုမသိတာပဲလား၊မသိချင်ယောင်ဆောင်လေသလား ဆိုပြီး ကြိမ်းမောင်းပါသတဲ့။
(ကိုးကား-အင်တာနက်)

No comments:

Post a Comment