14 February, 2013

သိမ်ကြီးဈေး ဆိုင်ခန်း ပြိုကျ နှစ်ဦးဒဏ်ရာရ ...

Created on Thursday, 14 February 2013 18:50

ထပ်ခိုးပြိုကျမှု ဖြစ်ပွားခဲ့သည့် ကျားကမ္ဘာ စာရေးကိရိယာဆိုင်ကို တွေ့ရစဉ်
ပန်းဘဲတန်းမြို့နယ်၊ (၂၅) လမ်း အလယ်နှင့် သိမ်ကြီးေ ဈး (စီ) ရုံအပြင်ဘက်တန်းရှိ ကျားကမ္ဘာ စက္ကူ၊ စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင်ခန်း တစ်ခုတွင် ထပ်ခိုးပြိုကျသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၄ ရက်နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"၀ုန်းခနဲ အသံကြားရပြီး ဆိုင်ထပ်ခိုး ပြိုကျသွားတာကို တွေ့လိုက်ရတယ်။


 
ဆိုင်ရှင်ရဲ့ ခယ်မဖြစ်တဲ့ ကောင်မလေးက ပြိုကျတဲ့ထပ်ခိုး ပျဉ်ချပ်ကြီးရဲ့အောက်မှာ ပိနေတယ်။ သူ့ကိုတော့ ဆေးရုံပို့လိုက်ရတယ်။ နောက်ပြီး ဆိုင်က အလုပ်သမားကောင်လေး တစ်ယောက်လည်း နည်းနည်း ဒဏ်ရာရသွားတယ်။ ဒီဆိုင်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကားနှစ်စီးစာ စာရေးကိရိယာတွေ လှောင်ထားတယ်။ လှောင်ထားတဲ့ ပစ္စည်းတွေများတာကြောင့် ခုလိုဖြစ်သွားတာ" ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးမှ ပြောပြခဲ့သည်။
ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက "ဆိုင်ထပ်ခိုးမှာ လှောင်ထားတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်ကြောင့် အခုလို ပြိုကျမှု ဖြစ်ပွားခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ရှိ အမျိုးသမီးတစ်ဦးနှင့် ဆိုင်အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
  Eleven Media






No comments:

Post a Comment