05 February, 2013

မျက်နှာ ခွဲစိတ် ပြုပြင်မှုတွင် ကိုရီးယား အမျိုးသမီးများ ထိပ်ဆုံးက ရပ်တည်လျက်ရှိ ...


ကိုရီးယား နိုင်ငံ အတွင်းရှိ အမျိုးသမီး အများစုသည် ယခုအခါ မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို အများဆုံး ပြုလုပ်လျက် ရှိကြောင်း ဗြိတိသျှ မီဒီယာ တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။

ကိုရီးယား နိုင်ငံ အတွင်း ၂ဝ၁၁ ခုနှစ်က ပြည်သူ ၁ဝဝဝ ဦးလျှင် ၁၃ ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို ပြုလုပ် ခဲ့ကြောင်း ယင်းသို့ လုပ်ဆောင်မှုသည် ပြည်သူ ၇၇ ဦးလျှင် တစ်ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို လုပ်ဆောင်လျက် ရှိသည်ကို ညွှန်ပြလျက် ရှိသည်။
မြို့ပြများတွင် နေထိုင်သော အသက် ၁၉ နှစ်မှ ၄၉ နှစ် အရွယ်ရှိ အမျိုးသမီး ၅ ဦးတွင် တစ်ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို လုပ်ဆောင်လျက် ရှိသည်။
ကိုရီးယား အမျိုးသမီးများ အကြား ရေပန်းစား နေသော ခွဲစိတ်မှုသည် အပေါ် မျက်ခွံကို ဖျက်ခြင်းဖြင့် မျက်စိကို ကြီး၍ ကျယ်ပြန့်သော မျက်ဝန်းများ ရရှိအောင် ပြုလုပ်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်က ကိုရီးယား အမျိုးသမီး ၃ ဒသမ ၁ သန်းသည် မျက်နှာ ခွဲစိတ် ပြုပြင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း အရေ အတွက်သည် ခွဲစိတ်မှု အရေအတွက် အများဆုံး ဖြစ်သည့် အတွက် အမေရိကန် ပြည်ထောင် စုက ကိုရီးယား နိုင်ငံကို မျက်နှာ ခွဲစိတ်မှု ထိပ်ဆုံးတွင် ရပ်တည်နေသော နိုင်ငံတစ်ခု အဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။


http://bit.ly/UrcbXe

No comments:

Post a Comment