13 January, 2013

လှည်းတန်းကုန်းကျော်တံတားအနီးတွင် ယာဉ်မတော်တဆမှု တခုဖြစ်ပွားခဲ့



ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည်။

ပြည်လမ်းမပေါ် ဆူးလေမှ လှည်းတန်းဘက်သို့ ဦးတည်မောင်းနှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ
လမ်းဘေးထိုးကျသွားခဲ့သည်။


ကနဦးသတင်းများအရ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိမှုကြီးကြီးမားမားမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့်
ယာဉ်ထိန်းရဲအရာရှိတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ထွန်းခိုင်

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment