04 January, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူကိုဖြိုးဝေအောင် ကွယ်လွန် ...


ရန်ကုန်၊ဇန်နဝါရီ၊၄။
ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံရပြီး ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ သမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်သည်ယနေ့နံနက်(၃)နာရီတွင်ကွယ်လွန်(အလ္လာအရှင်မြတ်၏ အမန့်တော်ကို ခံယူသွား)ပြီဖြစ်ကြောင်း နိုင်/ကျဉ်း အဖွဲ့မှ ဦးထွန်းကြည်  မှပြောကြားသည်။
၎င်းအား ရေးဝေးသုသဿန် မူစလင်သချိင်္ုင်းတွင် ယနေ့နေ့လည် (၁)နာရ်ီတွင် အစ္စလာမ်ဘာသာအရ သချိင်္ုမည် ဖြစ်ကြောင်းသိရသည်။
ကိုဖြိုးဝေအောင်သည် ထောင်ကထွက်လာစဉ် ကာလကပင် ကိုယ်အောက်ပိုင်း လှုပ်မရသော ဝေဒနာနှင့် အသဲကင်ဆာ ရောဂါကို ခံစားခဲ့ရပြီး ယခုအခါ တာမွေမြို့နယ် ၊သီတာလမ်းရှိ နေအိမ်တွင် ကွယ်လွန်
(အလ္လာအရှင်မြတ်၏ အမန့်တော်ကို ခံယူသွား) သွားခြင်းဖြစ်သည်။

အောင်သိုက်

No comments:

Post a Comment