16 December, 2012

ပဲခူးတိုင်းဒေသကြီးတွင်ဆိုင်ကယ်စီးလျှင် မြွေအန္တရာယ် အာမခံလက်မှတ်ဝယ်ရ ..

ပဲခူးမြို့တွင် ဆိုင်ကယ်လိုင် စင်သက်တမ်းတိုးပြီးနောက် သူ တစ်ပါးထိခိုက်မှု အာမခံပရီမီယံ ပေးသွင်းရာတွင်မဆီမဆိုင်မြွေ အန္တရာယ် အာမခံ
လက်မှတ်ကို ကာယကံရှင်အားတရားဝင်အသိ ပေးမှုမရှိပဲ ရောင်းခြင်း၊ရောင်းချ သည့် လက်မှတ်ကို မပြည့်မစုံ ရေးသွင်းခြင်းဖြင့် ရောင်းရပြီးစတမ်းလုပ်နေခြင်းများရှိနေကြောင်း သိရသည်။
မြွေအန္တရာယ်အာမခံလက် မှတ်မှာ ငါးသိန်းကျပ်တန်တစ်နှစ် အာမခံဖြစ်ပြီး တစ်စောင်လျှင်ငါးရာကျပ်ဖြစ်ကြောင်း၊ကညနတွင်ဆိုင်ကယ်သက်တမ်းတိုးပြီး ချိန် သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံပေးသွင်းရာတွင် ကာယကံ ရှင်များကို အသိမပေးဘဲ တစ်ပါ တည်းထည့်သွင်းရောင်းနေခြင်း ဖြစ်ကြောင်း၊ဆိုင်ကယ်စီးသူနှင့်မြွေ အန္တရာယ်မှာလည်း ပတ်သက်ရန် ခဲယဉ်းသဖြင့် အာမခံလက်မှတ် ရောင်းရရုံသက်သက်လုပ်နေခြင်း ဖြစ်ကြောင်း မြွေအာမခံလက်မှတ် မသိပဲဝယ်ယူထားရသူကပြော သည်။
““ငါးရာကျပ်ဆိုတာ ဘာမှ တော့မရှိဘူးပေါ့ဗျာ။ရောင်းချင် ရင်လည်း ပွင့်ပွင့်လင်းလင်းပြော ရောင်းတာမျိုး ယုတ်္တိရှိတာ သဘာ ၀ကျတာမျိုးတော့ဖြစ်ရမှာပေါ့။ အခုတော့ အသိမပေးပဲ ထည့် ရောင်းထားတယ်။နောက်ပြီး လက် မှတ်မှာလည်း ဘာမှပြည့်ပြည့်စုံစုံ အပြည့်သွင်းရေးထားတာမျိုးမရှိ ဘူး။
ပိုဆိုးတာက လက်မှတ်နောက် ကျောမှာ အာမခံထားသူက လက်မှတ်မထိုးထားတဲ့ စာရွက် ဟာ တရားဝင်မ၀င်ကို မေးစရာ ရှိလာတယ်။ သဘောကတော့ ဘာလက်မှတ်မှမပါတဲ့ စာရွက် ကို ငါးရာနဲ့ရောင်းနေတဲ့သဘောမျိုးဖြစ်နေတယ်””ဟု အာမခံ လက် မှတ်ကိုပြ၍ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ သူတစ်ပါးထိခိုက်မှု အာမခံဌာန
လုပ်ငန်းရုံးချုပ်သို့ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းရာ ဟင်္သာ တဘက်ကမ်း
တွင် ဆိုင်ကယ် သမားတစ်ယောက်မြွေကိုက်ခံရ၍ သေဆုံးမှုတစ်
ခုဖြစ်ခဲ့ဖူးကြောင်း၊အာမခံလုပ်ငန်းအနေနှင့်အသိမပေးရောင်းချခြင်း၊အတင်း
အကြပ် ရောင်းချခြင်းမျိုးမရှိကြောင်း စုံစမ်း မည်ဖြစ်ကြောင်း ဖြေကြားသည်။
ပဲခူးမြို့ မြန်မာ့အာမခံလုပ် ငန်းသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖြေကြားသူအမျိုးသမီးက ““ကျွန်မတို့က ဆိုင်ကယ်သက်တမ်း တိုးချိန်မှ မြွေအာမခံလက်မှတ် ရောင်းတာပါ။အဲဒီကိစ်္စ ရန်ကုန်ရုံး ချုပ်ကလည်း လှမ်းမေးပါတယ်။ ကျွန်မတို့မှာ လုပ်ငန်းတွေများတော့ လူကြီးတွေကလည်း ရောင်းဖို့ပြော ထားတာတော့ရှိပါတယ်။ကာယကံ ရှင်တွေ အသိမပေးဘူးဆိုတာက အများနဲ့ဆိုတော့လည်း မပြောမိ တာပါတာပေါ့။အတင်းအကြပ် တော့ မရောင်းပါဘူး””ဟုပြော သည်။


Hot News Weekly

No comments:

Post a Comment