20 December, 2012

မြေငလျင်သတင်း ...


ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်းမြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မန္တလေးမြေငလျင်သတင်းဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင် လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။
ဒီဇင်ဘာ၁၇ရက်နံနက်၈နာရီ၂မိနစ်ကျော်တွင်လည်း နေပြည်တော်အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

No comments:

Post a Comment