24 November, 2012

ရန်ကုန်ဆိပ်ကမ်းအဆင့်မြှင့်တင်ရာတွင် ရွှေတိဂုံစေတီတော်အား မြစ်ဝ မှ မြင်ရသည့်မြင်ကွင်း မပျက်ကွယ်စေရန်လိုအပ်ကြောင်း မြို့တော်ဝန်ပြော ..

 
Saturday, November 24, 2012

ရန်ကုန်ဆိပ်ကမ်းများအဆင့် မြင့်တည်ဆောက်ရာတွင် မြစ်ဝမှနေကာ
ရွှေတိဂုံစေတီတော်အား ဖူးမြော်ရသည့်အနေအထားမပျောက် ကွယ်ရန်ထည့်တွင်း စဉ်းစားသွားရန်လိုကြောင်းကို မြန်မာ့ဆိပ်ကမ်း အာဏပိုင်တွင် ကျင်းပသော ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan အရလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် မှုအခြေအနေရှင်းလင်းတင်ပြခြင်း အခမ်းအနားမှ သိရသည်။ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းရှင်များဝင် ရောက်လုပ်ကိုင်မည်ဖြစ်ပြီး ဆိပ်ကမ်းများအဆင့်မြှင့်တင်ရာတွင် နိုင်ငံတကာအဆင့်မီပြည်တွင်း ခရီးသွားဆိပ်ကမ်းများအဖြစ်ပြုပြင် ပြောင်းလဲခြင်း၊ ဆိပ်ခံဗောတံတားများအဆင့်မြှင့်ပြုပြင်တည်ဆောက်ခြင်း၊ နောက်ခံမြေပေါ်တွင်ခေတ်မီစီးပွားရေးအဆောက်အအုံများ အပန်းဖြေအနားယူနိုင်ရန်နေရာ များ၊ ဆိုင်ခန်းများဖြင့် ရန်ကုန်ဆိပ်ကမ်းကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောဆိပ်ကမ်းအဖြစ်ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Conceptaual Plan အရရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်ဖြစ်ပေါ်တိုးတက်လာမည့်အခြေအနေများအတွက် ၂၀၄၀ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ရေးဆွဲခဲ့ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး Port Coneeptual Plan နှင့်ပတ်သက်သည့်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဟောင်းအထင်ကရအဆောက် အအုံများ၏ မြင်ကွင်းအလှအပ အားမထိခိုက်စေလိုကြောင်း၊ ရန်ကုန်မြို့၏ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ကြီး၏အလှ အပအားမြစ်အတွင်းမှ ဖူးမြော်ရ သည့်မြင်ကွင်းကို မထိခိုက်စေလို ကြောင်း ရန်ကုန်မြို့တော်ဝန်က တင်ပြဆွေးနွေးခဲ့သည်။ ထို့ပြင် လက်ရှိရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများတည်ဆောက် ရာတွင် ရွှေတိဂုံစေတီတော်အား စံယူသုံးသပ်ကာအထပ်မြင့် အဆောက်အအုံများတည်ဆောက် ခြင်းကို ဆုံးဖြတ်လျက်ရှိကြောင်း ပန်းလှိုင်မြစ်၊ တွံတေးမြစ်၊ လှိုင်မြစ်များသည်
မြစ်ဝကျွန်းပေါ်မှလာ သောရေယာဉ်များမှ ရွှေတိဂုံစေတီတော်အား
ဖူးတွေ့မြင့်ရသော အနေအထားမပျောက်ကွယ်ရန် ထည့်သွင်းစဉ်းစားဖို့
လိုခြင်းဖြစ် ကြောင်း၊ စည်ပင်သာယာရေး ကော်မတီမှအတွင်းရေးမှူး
ဦးကျော်စိုး မှတင်ပြခဲ့ခြင်းဖြစ်သည်။ “တင်ဒါတွေထဲမှာလည်းကန့်သတ်
ချက် တစ်ခုပေးထားပါတယ်။ မြို့တော် စည်ပင်သာယာရေးကော်မတီကို တင်ပြလို့ခွင့်ပြုတဲ့အတိုင်းပဲတည် ဆောက်ရမယ်လို့ထည့်ထားတာပါ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အထွေထွေမန်နေဂျာဦးကျော်မြင့် က ရှင်းလင်းတင်ပြခဲ့သည်။


The Hot News

No comments:

Post a Comment