24 November, 2012

၂ဝ၁၁ ခုနှစ် စာပေဗိမာန် စာမူဆုများ ထုတ်ပြန်ကြေညာ ...


 
စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့က ၂ဝ၁၁ ခုနှစ်အတွက် ဆုရရှိသောစာမူများနှင့် စာရေး ဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ် ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် မင်းသန္တိ(မိုးမိတ်)၏ နီလာမြေမှ သားကောင်း ရတနာများက ပထမဆုကိုလည်း ကောင်း၊ ကေတုလှနိုင်၏ မီးလျှံက ဒုတိယဆုကို လည်းကောင်း၊ မောင်ရည်ကျော်(ရူပ)၏ မကြင်သာသည် ခင်ပါလျက်လည်း က တတိယဆုကိုလည်း ကောင်း ရရှိကြသည်။
ဝတ္ထုတို ပေါင်းချုပ်ဆုတွင် ရာမညဖိုးလပြည့်၏ စာရိတ္တကို အပေါင်ခံသည်နှင့် အခြားဝတ္ထုတိုများက ဒုတိယဆုကို လည်းကောင်း၊ နန်းမိုးစောအောင်၏ ရင်နှင့်လွယ်သည်နှင့် အခြားဝတ္ထုတိုများက တတိယ ဆုကိုလည်းကောင်း ရရှိကြသည်။
ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို မောင်လွမ်းနိုင်(စံပယ်ငုံ)၏ ပွဲဝင်စေတနာ၊ မေတ္တာမော်ကွန်းနှင့် အခြားကဗျာများ၊ ဒုတိယဆုကို အောင်သာဆန်း (သံတွဲ)၏ တေးသီငှက်၏ ငြိမ်းငြိမ်းချမ်းချမ်း လန်းလန်း ကြည်ကြည် ကဗျာစုနှင့် တတိယဆုကို ဇော်မျိုးဟန်(ငါးသိုင်းချောင်း)၏ ပန်းပုလဲသီသွယ် ကဗျာများက ဆုအသီးသီး ရရှိကြသည်။
သုတပဒေသာ (ဝိဇ္ဇာပညာရပ်)ဆုတွင် ပထမဆုကို လင်းထိုက်တင်လှိုင် (ကျောက်ဆည်)၏ သမိုင်းမှတ်တိုင် မြစ်သား ဆယ့်တစ်ခရိုင်၊ ဒုတိယဆုကို ကျော်လှဝင်း(ပညာရေး)၏ သူငယ်တန်း မြန်မာစာသင်ပြမှု နည်းပညာနှင့် တတိယ ဆုကို ယဉ်ယဉ်မွန် (ရှေးဟောင်း သုတေသန)၏ ဟံသာဝတီခေတ် ဓမ္မစေတီ မင်းကြီး၏ ကောင်းမှုတော် များက ဆုအသီးသီး ရရှိကြသည်။
သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ)ဆုတွင် ပထမဆုကို လူလေး (မြစ်ဝ ကျွန်းပေါ်)၏ ယမကာအရက် မိတ်ဖက် ရန်သူ ၊ ဒုတိယဆုကို ဦးသောင်းငွေ၏ လေထု၊ ရေထု၊ မြေထုတို့ကမ္ဘာနှင့် တတိယဆုကို အေးကို(ဆည်မြောင်း)၏ သက်ရှိ အားလုံးအတွက် ''ရေ''က ဆုအသီးသီး ရရှိကြသည်။
စာပဒေသာဆုတွင် ပထမဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ ခယောင်းမြေမှာ ပန်းဝေဖြာစေ၊ ဒုတိယဆုကို မြင့်စိုး(နတလ)၏ ပန်းဝတ်မှုန် ထုံကာသင်းလို့ရယ်နှင့် အခြားဆောင်းပါးများနှင့် တတိယဆုကို မောင်သင်းလှိုင်၏ ဆွမ်းတန်းက ဆုအသီးသီး ရရှိကြသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို မြတ်ဝေ တိုး(ပညာရေး တက္ကသိုလ်)၏ လော်ဝေါ်ရိုးရာ ယဉ်ကျေးမှု ဓလေ့များ၊ ဒုတိယဆုကို ဝိဿဇ္ဇက(ပဲခူး)၏ အလှအယဉ် မြန်မာ့ဓလေ့ ပွဲတော်တစ်ခွင်နှင့် တတိယဆုကို လှိုင်ဝင်းဆွေ၏ ရှေးဟောင်း ကမ္ပည်းစာများက ဆုအသီးသီး ရရှိကြသည်။
ကလေးစာပေဆုတွင် ပထမဆုကို နန္ဒာမိုးကြယ်၏ သဘာဝရဲ့လက်ဆောင် ကလေးကဗျာများ၊ ဒုတိယဆုကို မောင်သာမွှေး၏ ပန်းရတနာလေးများနှင့် ကလေး ဝတ္ထုတိုများနှင့် တတိယဆုကို ကန့်ဘလူခင်မောင်ဆွေ၏ မှတ်သားစရာ ရတနာ ကလေးကဗျာ များကဆုအသီးသီး ရရှိကြသည်။
လူငယ်စာပေဆုတွင် ပထမဆုကို မောင်ဆန္ဒ(လယ်ဝေး)၏ လက်ဆင့်ကမ်း အမွေ၊ ဒုတိယဆုကို ရဲမြတ်တင်၏ ဒုတိယဆရာနှင့် အခြားဝတ္ထုတိုများနှင့် တတိယဆုကို သွဲ့ထားညို(သက္ကလ)၏ ဆောင်းခိုငှက်တို့ နားခိုရာက ဆုအသီးသီး ရရှိကြသည်။
ပြဇာတ် စာပေဆုတွင် ဒုတိယဆုကို မောင်ဆန္ဒ(လယ်ဝေး)၏ အိုမဝေးဘူး ရောက်လုပါပြီ ကရရှိပြီး ဘာသာပြန် စာပေဆုတွင် ပထမဆုကို လင်းကိုကို၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုက ရရှိသည်။
အင်္ဂလိပ်ဘာသာ စာပေဆုတွင် ပထမဆုကို Ye Dway ၏ Marionettes ၊ ဒုတိယဆုကို Shwe Chan Thet Paing ၏ he Compilation of the Traditional Mathematics Problems Related to the Nature and Culture of Myanmar နှင့် တတိယဆုကို Meiji Soe ၏ Culture and Beyond (Myanmar) က ဆုအသီးသီး ရရှိကြသည်။
စာပေဗိမာန် စာမူဆုတွင် ဘာသာရပ်(၁၃)မျိုး သတ်မှတ် ထားသည့်အနက် နိုင်ငံရေး စာပေဆုအတွက် ရွေးချယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် (၁၃၇၄ ခုနှစ် နတ်တော် လဆန်း ၁ ရက်) သောကြာနေ့၊ စာဆိုတော်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ၌ ကျင်းပမည့် ၂ဝ၁၁ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆု ဆုနှင်းသဘင် အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်သည်။ ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဖုန်း ဝ၁-၃၇၆၅၆၉ ၊ စီမံရေးရာဌာန ဖုန်း ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။     မြ၀တီ

No comments:

Post a Comment