12 October, 2012

၁၁ အောက်တိုဘာ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ်မှာ ပြောကြားချက် ..


                                             (ရိုက်ကူး - ခွန်ခေါင်) 

အောက်တိုဘာ 11 ရက် မနက် ရှစ်နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သုံးခွမြို့နယ်သို့ သွားရောက်ခဲ့သည်။ သုံးခွမြို့နယ်ဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်ပြီး သုံးခွပြည်သူလူထုကို ယနေ့လာရောက်ခဲ့ရသော အကြောင်းအရင်းနှစ်ခုရှိကြောင်း တစ်ခုက သုံးခွမြို့နယ်မှာ မဲအောင်နိုင်ရင် သုံးခွမြို့နယ်ကို ပြန်လာမည်ဆိုသည့် ကတိကြောင့်ဖြစ်ပြီး၊ ဒုတိယတစ်ခုက လက်ရှိသုံးခွမြို့နယ်ဒီမိုကရေစီရုံးမှာ ထွက်ပေါ်နေသော စကားသံတွေနှင့် ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်စကားပြောဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီရုံးမှအပြန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။

No comments:

Post a Comment