06 September, 2012

"" စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ""..



ကျည်ဆံ တထောင့်ဟာ မြန်မာကျပ်ငွေ တစ်ထောင်ဝန်းကျင် စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ် သေနတ်တလက် ၁၀သိန်းတန်တယ် ဗုံးဆန် တလုံး အနဲဆုံး သိန်းကဏန်း ရှိတယ်။

တပ်ရင်း တရင်း လူ ၂၀၀ လောက် ခရီးထွက်ရင် သွားလာ စရိတ်၊ စားစရိတ်၊ ထောက်ပို့ ၊ လစာ၊ ဆေးဝါး သယ်ယူပို့ဆောင်ရေးယဉ်၊ ဆက်သွယ်ရေး စက်ကိရိယာ၊ စက်ဆီကအစ စစ်အ၀တ်အစား အရာရှိများ အသုံးစရိတ် အားလုံးပေါင်း တပတ်အတွင်း သိန်းထောင်ကြီးပိုင်း ကုန်တယ်။ အခု KIA ကို ထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာ ကျော်တယ်။

စစ်လေယဉ် တခါထွက်ရင် သိန်းထောင်ပိုင်း ကုန်တယ်။ လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။

KIA ဖက်က တွက်တာတော့ စစ်သား တစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်။.

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနနဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်းရဲ့ ငါးနှစ်စာ အသုံးစရိတ် ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး။ နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသား အနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက် ရင်တော့။

လက်နက် အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေး မရနိုင်ပါ
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။ မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်။

Copy from - thespiritfruit 

No comments:

Post a Comment