05 September, 2012

တိုက်ရိုက်ပြေးဆွဲသောစင်္ကာပူလေကြောင်းလိုင်း

အောက်တိုဘာလတွင် စင်္ကာပူလေကြောင်လိုင်းမြန်မာနိုင်ငံသို့ပြေးဆွဲမည်။
အထီးကျန်မူဝါဒဖြင့် တံခါးပိတ်နေသောအဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းဆီသို့ ပြောင်းလဲမှုများစတင်လာ နေမှု့များကြောင့် ယ္ခုနှစ်အောက်တိုဘာလ၂၈ရက်နေ့ မှစတင်ပြီး စင်္ကာပူလေကြောင်း(SIA) သည်...မြန်မာနိုင်ငံသို့ပြေးဆွဲတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံပြုပြင်ပြောင်းမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များသည် မြန်နိုင်ငံသို့ လည်ပါတ်ရန်နှင့် စီးပွားရေးလုပ်ငန်းရင်းနှီးမြုပ်နှံရန်အတွက် သွားရောက်မှုများစွာမြင့်တက်လာမှုကြောင့် မိမိတို့လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်ပြေးဆွဲရန် ဆုံးဖြတ်ချက်လိုက်ကြောင်း စင်္ကာပူလေကြောင်းလိုင်း၏ ဒုဥက္ကဌဖြစ်သူ Mak Swee Wah က ရိုက်တာသတင်းဌာနာသို့ပြောကြားလိုက်သည်။ ထိုင်ခုံ၃၂၃ခုံပါဝင်သော ဘိုးရင်းဂျက်777-200 လေယာဉ်များဖြင့် နေ့စဉ် စင်္ကာံပူ-ရန်ကုန်ပျံသန်းမည်ဖြစ်သည်။
နိုင်ငံတကာလေကြောင်းလိုင်းများ ပိုမို ပြေးဆွဲနိုင်ရန်အတွက် ပြီးခဲ့သည့်ဂျွန်လအတွင်းက နိုင်ငံပိုင်သတင်းစာတွင် ရန်ကုန်မြို့နှင့် မိုင်၅၀ကွာဝေးသော ပဲခူးမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့တည်ဆောက်ခဲ့သည် လေယာဉ်ကွင်းဟောင်းကို နိုင်ငံတကာလေယာဉ်ကွင်းအဖြစ်တည်မည်ဖြစ်ကြောင်း သတင်းပါရှိခဲ့သည်။

No comments:

Post a Comment