04 September, 2012

"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် လုပ်ငန်းရှင်တို့ တွန့်ဆုတ်နိုင်သည့် အချက်များ ပါဝင်"..

ရန်ကုန်၊ စက်တင်ဘာ ၎

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်သွားနိုင်သည့် အချက်အချို့ လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲ နေသော နိုင်ငံခြားရ...
င်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းထဲတွင် ပါဝင်နေသည်ဟု ကုန်သည်/စက်မှုလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဆင့်မြင့်တာဝန်ရှိသူတို့က ထောက်ပြပြောဆိုလိုက်သည်။

ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/စက်မှုလုပ်ငန်းအသင်းချုပ်၌ မီဒီယာတို့ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ခေါ်ယူတွေ့ဆုံစဉ် အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က “လူအများမလိုက်နာနိုင်တဲ့ဥပဒေကို ပြဋ္ဌာန်းမိရင် ချိုးဖောက်မိတတ် ပါတယ်။ ဒီလိုဆိုရင် မနှစ်မြို့ဖွယ် ကွင်းဆက်တွေ ဖြစ်လာပါလိမ့်မယ်”ဟု ပြောသည်။

ပြင်ဆင်ရေးဆွဲနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းထဲတွင် ကန်ဒေါ်လာ ၅ သန်းရှိမှ လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ ဖက်စပ်လုပ်ငန်းများ ဆောင်ရွက်ပါက အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းဆိုသော အချက်တို့မှာ နှောင့်နှေးသွားစေသည့်အချက်ဖြစ်သည်ဟု ထောက်ပြသည်။

သမ္မတ၏ လူမှုရေးနှင့် စီးပွားရေးအကြံပေးကောင်စီဝင် ဦးဇော်ဦးက အာဆီယံ ၉ နိုင်ငံနှင့် နှိုင်းယှဉ် ပါက မြန်မာ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ကနဦးရင်းနှီးငွေ ကန်ဒေါ်လာ ၅ သန်းသတ်မှတ်ချက်သည် အာဆီယံတို့ ထက် ၁၅ ဆလောက်ထိ ပိုများမည်ဟု ဆိုသည်။

“ရင်းနှီးမြှုပ်နှံငွေ သတ်မှတ်ထားတာက ဗီယက်နမ်ဆို ၂၀၀၆ ကတည်းက ပယ်ဖျက်လိုက်ပြီ။ အခု ကမ္ဘောဒီးယား၊ လာအိုမှာပဲ ရှိတော့တယ်။ ဒါတောင် ကဏ္ဍအချို့တွေမှာပဲ ရှိတယ်။ ဒီထက်ကို မြန်မာက များနေ တယ်”ဟု ဦးဇော်ဦးက ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြည်ပရင်းနှီးမြှုပ်နှံသူများ မလုပ်နိုင်တာ ကို ၁၉၈၉ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက ကန့်သတ်ခဲ့သည့် အချက်အချို့အတွက်ကြောင့် ယနေ့ အများပြော နေကြသော အရေခြုံသော၊ မျက်နှာဖုံးစွပ်သော ပြည်ပလုပ်ငန်းရှင်တို့ ၀င်လာကြပြီး နောက်ပိုင်းတွင် အခြေအနေ ရှုပ်ထွေးလာကြောင်းနှင့် အမှားများဖြစ်ခဲ့သည်များကို စောင်းပေးနေပါက ဘယ်တော့ကျမှ သူများကို မီပါ့မလဲ၊ လိုက်နိုင်ပါ့မလဲအပေါ် မေးခွန်းထုတ်လိုကြောင်း ပြောသည်။

UMFCCI မှ ဦးဇော်မင်းဝင်းက “အခြားနိုင်ငံမှာ မရှိတဲ့ကိစ္စကို ဒီမှာရှိအောင် မလုပ်သင့်ပါဘူး”ဟု ပြော၍ ဥက္ကဋ္ဌ ဦးဝင်းအောင်က ဥပဒေပါ အချက်အချို့ကြောင့် စီးပွားရေးဥပဒေသစ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တို့ ပါဝင်ခွင့်မရဘဲ ဘေးက ထိုင်ကြည့်နေရမယ့် အနေအထားရှိသွားမည်ဟု မီဒီယာတို့ အား အသိပေးရှင်းလင်းလိုက်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းအား ပြည်သူ့လွှတ်တော်သို့ တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည်။
Popular Myanmar News Journal

No comments:

Post a Comment