04 March, 2013

ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာသို့ မကြာမီ လာမည် ..


ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူသည် မြန်မာနှင့် ဗီယက်နမ်သို့ မကြာမီလာရောက်ပြီး နိုင်ငံရေးနှင့် စစ်ေ ရး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများဆွေးနွေးသွားမည်ဟု သိရသည်။


မော်စကိုတိုင်းမ်သတင်းကို ကိုးကား၍ ရုရှားအသံ သတင်းဌာနက ဖေါ်ပြရာတွင် ကာကွယ်ရေး ဝန်ကြီးဆာဂျီရှိုဂူ သည် မြန်မာတွင် မြန်မာ ကာ ကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး င်းအောင်လှိုင်နှင့် တွေ့ ဆုံမည်ဖြစ် ကာ နှစ်နိုင်ငံတပ်မတော်များကြား ဆက်ဆံရေး၊ နည်းပညာပိုင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာရှ- ပစိဖိတ်ရေးရာ ကိစ္စများကို ဆွေးနွေးသွားမည် ဟု သိရသည်။
ဗီယက်နမ်တွင်မူ ဝန်ကြီး ဆာဂျီ ရှို ဂူသည် ယခင်က ရုရှား၏ ပစိဖိတ်ရေတပ်မှ စစ်သင်္ဘောများ ထားရှိခဲ့ရာ ကမ် မရန် ရေတပ်ဌာနချုပ်သို့ သွား ရောက်လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။
သတင်းတွင် ဝန်ကြီး၏ ခရီးစဉ်အချိန်ကို ဖေါ်ပြထားခြင်း မရှိသော်လည်း မကြာမီရက်ပိုင်း အတွင်းဖြစ်ဖွယ် ရှိကြောင်း သိရသည်။
Voice of Russia, TASS

No comments:

Post a Comment