12 February, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုအား ကျေနပ်မှုမရှိပါက တိုင်ကြားရန် တယ်လီဖုန်းများ ..


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ဥပဒေနှင့်ညီညွှတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အားအလွဲသုံးစားပြုလုပ်မှု၊အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အချိန်ပြည့် ..


ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
အလားတူ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင်လည်း တိုင်ကြားရန်အတွက် တယ်လီဖုန်းများ တပ်ဆင်လျက်ရှိပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးတွင် တယ်လီဖုန်းအမှတ် ၀၆၇-၅၅၀၃၃၃ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

Opposite Eye

No comments:

Post a Comment