ဝါရှင်တန် ၊ဖေဖေါ်ဝါရီ ၉ ။
မြန်မာတွင်ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက် ကော်မတီဖွဲ့ ၍ စုံစမ်းစစ်ဆေးသွား မည်ကို ကြိုဆိုကြောင်း၊ သို့သော် ပြန်လည်သုံးသပ်မှုတွင် ကျယ်ပြန့် စွာချဉ်းကပ်ရန် လိုကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  Amnesty Inter national က ထောက်ပြပြောဆိုလိုက်သည်။

အဖွဲ့ ၏အာရှပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူးအစ္စဘယ်လေ
အာရာဒွန်က “အကျဉ်းသားတွေ လွှတ်ပေးရေးပြန်လည်သုံးသပ် ရေးကော်မတီ ဖွဲ့ ဖို့ ဦးတည်တာကို
အရေးပါ တဲ့ပထမခြေလှမ်းတွေအဖြစ် ကျွန်မတို့ လေနက်စွာ ထောက်ခံပါတယ်။ ဒါပေမယ့် ဒီကော်မတီသစ်ရဲ့
တရားဝင်လုပ်ပိုင်ခွင့် အာဏာဟာ နိုင်ငံရေးအကျဉ်းသားတွေတင်မက မတရာထိန်း
သိမ်းခံရတဲ့ အကျဉ်းသားအားလုံးအတွက်ပါ အာ မခံပေးနိုင်ဖို့နှိုင်းယှဉ် ဆုံးဖြတ်ချက်ရှိရပါမယ်”ဟု ပြောကြားသည်။
မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများကိုစိစစ်ပြီးလွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ်ကို ဖေါ်ဆောင်ရာ၌ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကိုအခြေခံ၍ဆေင်ရွက်သွားရန်လိုကြောင်းလည်း AI အဖွဲ့ကဆိုသည်။
လက်ထောက်ညွှန်ကြားရေးမှူး အစ္စဘယ်လေ အာရာဒွန်က“ကော်မရှင်ဟာ လွတ်လပ်အမှီအခိုကင်းပြီး ဆုံးဖြတ်ချက်တွေကလည်း နိုင်ငံတကာလူ့ ခွင့်အရေးစံနှုန်းတွေကို
အခြေခံပြီး ရှင်းလင်းစွာလုပ်ဆောင်သွားမှာကို ကျွန်မတို့ စောင့်မျှော်နေပါတယ်” ဟု ပြောကြားသည်။
AI အဖွဲ့ သည် မြန်မာအစိုးရအား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းခြက်မရှိ ၊အမြန်ဆုံးလွှတ်ပေးရေးအတွက် အစဉ် တစိုက် တောင်းဆိုလာခဲ့သော အဖွဲ့ တစ်ခု
ဖြစ်သည်။
Amnesty.org

No comments:
Post a Comment