12 February, 2013

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ထိုင်းနှင့်ဂျပန် သဘောထားကွဲလွဲ ...



မြန်မာနိုင်ငံအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် တည်ဆောက်မှုမှာ စီမံကိန်းမသေချာမှုများနှင့် ရင်းနှီးမြှုပ်နှံသူများကြား သဘောထားကွဲလွဲမှုများကြောင့် နှောင့်နှေးနေရသည်ဟု ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ချက်ဒ်ချတ် ဆစ်တီပွတ်က တနင်္လာနေ့တွင် ဝန်ခံပြောကြားလိုက်ကြောင်း Bangkok Post တွင် ဖော်ပြသည်။ ၎င်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၌ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ဆပ်ကော်မတီ၏ ဦးဆောင်သူလည်း ဖြစ်သည်။


ထိုင်းအစိုးရအနေဖြင့် ထားဝယ်ရေနက်ဆိပ်မ်း စီမံကိန်းတွင် ဂျပန်နိုင်ငံအား အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လာစေရန် ကြိုးပမ်းမှုမှ အခက်အခဲများ ကြုံနေရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏ ဆိပ်ကမ်းတည်နေရာများ အဆိုပြုတင်ပြချက်ကို ဂျပန်က သဘောမတူခဲ့ကြောင်း ချက်ဒ်ချတ်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်တည်ဆောက်မည့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ထိုင်းနှင့် ဂျပန်ကြား သဘောထားကွဲလွဲမှုများရှိနေကြောင်း ၎င်းက ဝန်ခံသည်။
ထို့အတူ ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဟု ဂျပန်နိုင်ငံထံမှ အာမခံချက်ရရှိရန်လည်း မနီးစပ်သေးကြောင်း ထိုင်းဝန်ကြီးကဆိုသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏမှာ ထိုင်းဘတ်ငွေ ၂၉၀ ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
Planet Myanmar


No comments:

Post a Comment