22 February, 2013

အထက်တန်းစာမေးပွဲဖြေချိန် မီးရရန် နိုင်ငံပိုင်စက်ရုံများလည်ပတ်မှု ရပ်ဆိုင်းပေးမည် ..


မတ်လ၁၃ရက်နေ့မှ ၂၂ရက်နေ့အထိ ကျင်းပမည့် အခြေခံပညာအထက်တန်းစာမေးပွဲဖြေချိန်ကာလအတွင်း၌ ကျောင်းသားကျောင်းသူများ လျှပ်စစ်မီးမှန်မှန်ရရန် မတ်လ(၁)ရက်နေ့မှ စတင်၍ နိုင်ငံပိုင်စက်ရုံများ လည်ပတ်မှုအား ညနေ(၅)နာရီမှ မနက်(၅)နာရီအတွင်း ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း သိရသည်။


ယင်းသို့ရပ်ဆိုင်းပေးထားမည့်အကြောင်းကိုစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်က ဖေဖော်ဝါရီ(၂၁)ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘာဝဓါတ်ငွေ့ လိုအပ်ချက်အကြောင်း ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ကြောင်း သိရသည်။
စာမေးပွဲကာလ မတ်လ(၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ လျှပ်စစ်ဓါတ်အားတိုးထုတ်နိုင်ဖို့ ကုန်းတွင်းသဘာဝဓါတ်ငွေ့ (၁၈)သန်းနှင့် ကမ်းလွန်သဘာဝဓါတ်ငွေ့ သန်း(၃၀) ဖြည့်ဆည်းပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနက ညှိနှိုင်းထားကြောင်း ဦးထင်အောင်က ရှင်းပြခဲ့သည်။
DVB News

 

No comments:

Post a Comment