10 February, 2013

ကျွန်မရဲ့လက်သူ့ဆီမှာ... (ကြောက်တက်သူများမဖတ်ရ)


ဒီအဖြစ်အပျက်လေးကတော့စာဖတ်သူတို့လည်းကြားဖူးကောင်းကြားဖူးကြပါလိမ့်မည်... သိပြီးသားဆိုလျှင်လည်းသည်းခံပေးကျပါခင်ဗျာ...
TAXI ကားသမားတစ်ဦး၏တကယ့်ဖြစ်ရပ်မှန်လေးပါ...
နေဝင်ခါနီးညနေစောင်းတခုတွင်TAXIတစ်စီးသည်...
အိမ်ပြန်ရန်အတွက်နဲ့အိမ်ရှိရာ ဖက်သို.ဦးတည်၍မောင်းနှင်လာလေသည်...

 
သို့သော်သူ၏စိတ်ကားမချမ်းသာ...အုံနာခပြည့်တော့လဲ...
အိမ်အတွက်ကတော့ သုံးထောင်တောင်မရသေးလို့ ပါစင်ဂျာ မျှော်ပြီးဖြေးညင်းစွာဖြင့်...
ကားကိုညာဖက်လမ်းကျောမှမောင်းလာလေသည်..
"ဟော..အရှေ့မှာလူတယောက်လွယ်အိတ်တစ်လုံးနဲ.ပါလား...
သူ့ပုံစံကသုတ်သီးသုတ်ပြာနဲ့...ပါစင်ဂျာဖြစ်တန်ကောင်းပါတယ်..".
ဆိုပြီးမီးနှစ်ချက်ခန့်တောက်လိုက်လေသည်...ထိုသူကလဲလက်တား၍ရပ်ခိုင်းလေသည်...
"ကဲ...နောင်ကြီးဘယ်သွားမလဲ"ဟုမေးသော်..ထိုသူက"ပဲခူးသွားမယ်ဗျာ..ဘယ်လောက်လဲ"...
taxiဆရာတွေဝေသွားလေသည်...လိုက်ရန်မမှီသည်ကားမဟုတ်... မှီသေးသည်...သို.သော်ခရီးကနည်းနည်းဝေးသည်...အသွားအပြန်ရမှကိုက်မည်ဟုတွက်ပြီး..
ပေါက်ဈေးထက်နှစ်ဆပိုတောင်းလေသည်...
ပါစင်ဂျာကဈေးပင်တစ်ချက်မစစ်တံခါးဖွင့်၍ဝင်ထိုင်လေသည်...
taxiဆရာလည်းစိတ်ထဲတွင်တစ်မျိုးဖြစ်သွား၍...
"နောင်ကြီး..ကားခလေးတဝက်လောက်အရင်ရှင်းပေးပါလား..
ဆီလေးထည်.ချင်လို.ပါဗျ"ဟုဆိုသော်..ပါစင်ဂျာက"အော်..ရပါတယ်..ရော့"
ဟုဆိုပြီးကားခတဝက်ကိုရှင်းပေးလေသည်...ဆီထည်.ပြီးသည်နှင့်တပြိုင်နက် ပဲခူးသို.အပြင်းခရီးနှင်လေသည်..
.ည၏အမှောင်ထုကလည်းတဖြေးဖြေးကြီးစိုးလာလေသည်..
ခရီးတဝက်ခန့်အရောက်..taxiဆရာနောက်ကြည့်မှန်ကိုကြည့်သော်...
.နောက်ခန်းထဲတွင်ထိုကားငှါးလာသူအပြင်ခပ်ဝဝအမျိုးသမီးတစ်ဦးပါထိုင်နေသည်ကိုတွေ.လေသည်..
ငှားလာသောလူမှာတစ်ယောက်ထဲမှာသေချာသောကြောင့်ကျက်သီးမွှေးညင်းများထသွားပြီး...
နောက်သို.လှည်.ကြည့်လိုက်သောအခါ ကားငှားလာသောလူတစ်ဦးသာလျှင်ရှိလေသည်....
သို.သော်နောက်ကြည့်မှန်ထဲကိုကြည့်လျှင် ထိုအမျိုးသမီးက...
သူ၏တံတောင်စစ်ခန့်မှအဖြတ်ခံထားရသော သွေးသံရဲရဲလက်နှစ်ဖက်ကိုထောင်ပြလေသည်...
taxiဆရာမှာအလွန်လန့်ဖြန့်သွားလေသည်...သို.သော်မြို.နှင့်အနီးစပ်ဆုံးကိုအမြန်မောင်းရန်
ဆုံးဖြတ်၍..တတ်နိုင်သမျှမှန်ကိုမကြည့်ပဲမောင်းလေသည်...
အမှတ်မထင်ကြည့်မိလျှင်လဲ ထိုအမျိုးသမီးမှာ သူ့အားအကူအညီတောင်းလိုဟန် ဖြင့် လက်များကိုထောင်ပြနေဆဲပင်...
ထိုအချိန်မှာပင်ကားသည် တခုခုဖြင့်ဆွဲထားသည့်အလား အလွန်ပင်လေးလံလာလေသည်...
ကားဆရာလည်း heat တက်သောကြောင့်ဟုထင်၍လမ်းဘေးသို့ထိုးရပ်လိုက်လေသည်...
ပြီးနောက်ပါစင်ဂျာအား ခဏစောင့်ရန်ပြော၍စက်ဖုံးကိုဖွင့်၍ စစ်လေသည်...
ထိုသို.စစ်နေချိန်တွင်အဆိုပါမှန်ထဲမှာတွေ.ရသောအမျိုးသမီးကသူ၏နောက်မှကပ်၍...
"ကျွန်မရဲ့လက်သူ့ဆီမှာ" ဟုပြောလေသည်...taxiဆရာလည်းလှည့်ကြည့်သော် မည်သူမျှမရှိပေ ..
taxiဆရာလည်းအနည်းငယ်သဘောပေါက်ဟန်ဖြင့်ခဏတွေဝေသွားပြီး နောက်...ကားအာ စစ်သော်ဘာမှအမှားရှာမတွေ့…… အားလုံးအကောင်းပကတိအတိုင်းပင် ရေတိုင်ကီကလဲပုံမှန်ပင်...ထို့ကြောင့်
ကားပေါ်ကိုပြန်တက် စက်နှိုး၍ မောင်းလေသော် …ပုံမှန်အတိုင်းပင်ပြန်လည်မြန်ဆန်လာလေသည်...
မှန်ထဲတွင်လည်းအဆိုပါအမျိုးသမီးအားမတွေ.ရတော့ပေ...
taxiဆရာသည်ဘာလုပ်ရမည်ကိုသဘောပေါက်နားလည်သွားပြီးရဲစခန်းသို့
တိုက်ရိုက်မောင်းလေသည်…..
ရဲစခန်းနားသို့ရောက်သော် ပါစင်ဂျာမှာကားပေါ်မှခုန်ချထွက်ပြေးလေသည်...
သို.သော်အခါနှောင်းခဲ.လေပြီ...
ထိုသူအားဖမ်းမိသောအခါထိုသူ၏လွယ်အိတ်အတွင်းမှရွှေလက်ကောက်အပြည်.ဝတ်ဆင်ထားသော...
အမျိုးသမီးတစ်ဦး၏အဖြတ်ခံထားရသောလက်နှစ်ခုကိုတွေ.လေသည်...u
ဖြစ်စဉ်မှာကားထိုtaxiငှားစီးသောသူသည်အမျိုးသမီးတဦးအားသတ်ဖြတ်ပြီးနောက်လက်ကောက်များကိုချွတ်ယူရာတွင် ချွတ်၍မရသောကြောင့် လက်နှစ်ဖက်ကိုပါဖြတ်ယူခဲ.သည် ဟုထွက်ဆိုလေသည်..............

Tint Htun Wai

No comments:

Post a Comment