02 January, 2013

မြန်မာနှင့် ခြေစမ်းမည့် ဘရာဇီးအသင်း လူစာရင်းထုတ်ပြန် ...


ရန်ကုန်၊ ဇန်န၀ါရီ ၂။
မြန်မာ ငွေခေတ် ဘောလုံးသမားများနှင့် ခြေစမ်းမည့် ဘရာဇီးလက်ရွေးစင်
ဟောင်းများ အသင်းလူစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အစောပိုင်းကာလက ဘရာဇီးအသင်းတွင် ကာဖူး၊ ကားလို့စ် အစရှိသော ကစားသမားများ ပါဝင်မည်ဟု သတင်းထွက်ခဲ့သော်လည်း ယခု ဘရာဇီး
ဘောလုံးအဖွဲ့ချုပ်မှ ပေးပို့သော စာရင်းအရ ဒွန်ဂါ၊ ပေါ်လိုဆာဂျီယို၊ ဘီဘတ်တို အစရှိသော ကစားသမားများ ပါဝင်မည်ဖြစ်သည်။
“ဘရာဇီးအသင်း ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ကိုရောက်ပါမယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က
ပြောကြားသည်။
ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြန်မာ ငွေခေတ်ကစားသမားများနှင့် ၁၉၉၄ နှင့် ၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံအသင်းများတွင် ပါဝင်ခဲ့သောဘရာဇီးအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဘရာဇီးအသင်းနှင့်အတူ ဧည့်သည်ကစားသမားအဖြစ် ဂျာမနီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း လိုသာမားသီးယက်စ်လည်း ပါဝင်ကစားမည်
ဖြစ်ကြောင်း သိရပြီး ဘရာဇီးအသင်း၏ လူစာရင်းမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။ နောက်တန်း- အဲလ်ဒဲယား၊ ဂွန်ကဲလ်ဗက်စ်၊ မာစီယိုဆန်းတိုစ်၊ ပီမန် တဲလ်၊ ရိုနယ်လ်ဒါအို။ အလယ်တန်း- ဒွန်ဂါ၊ မာဇင်ဟို၊ ပက်ဒရင်ဟို၊ ရီကာဒို ရိုချာ၊ ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့ တန်း- ဘီဘတ်တို၊ ဒီဂျာမင်ဟာ၊ ဒိုနီ ဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ တို့ ဖြစ်ကြပြီးနည်းပြမှာ ကားလိုစ်အဲလ်ဘာတို တောရက်စ် ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းတွင် ဦးသန်းတိုးအောင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးကြည်လွင်၊ ဦးတင်
မြင့်အောင်၊ ဦးဝင်းအောင်၊ ဦးစိုးမြတ်မင်း တို့ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ
နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဟိန်းသူ

No comments:

Post a Comment