10 December, 2012

အဆိုတော် Jenni Rivera စီးနှင်းသည့်လေယာဉ် မက္ကဆီကိုမှာ ပျက်ကျ ..


တနင်္ဂနွေနေ့က မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ငယ်လေးဟာ မက္ကကန်-အမေရိကန် အဆိုကျော် Jenni Rivera စီးနှင်းလိုက်ပါတဲ့ လေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်သူ တစ်ဦးမှမရှိဘူးလို့ သိရပါတယ်။ လေယာဉ်မှာလိုက်ပါတဲ့ Jenni Rivera နဲ့ အခြားသော ၆ ဦး ပါရှိပြီး မက္ကဆီကို Monterrey ကနေ Toluca ဆီသို့ ပျံသန်းစဉ်မှာ ပျက်ကျမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ၀န်ကြီး Gerardo Ruiz Esparza က ပြောသွားပါတယ်။ သီချင်းခွေပေါင်း ၁၅ သန်း ရောင်းခဲ့ရတဲ့ Jenni Rivera ဟာ ဒီရက်ပိုင်းမှာပဲ Monterey မှာ သီဆိုဖျော်ဖြေသွားတာ ဖြစ်ပါတယ်။

No comments:

Post a Comment